Part 12

1.9K 156 15
                                    

(Unicode)

Chaeng တွန်းလိုက်တာ အား‌မပါသောကြောင့် ခန္ဓာကိုယ်နှစ်ခုကွာရုံသာကွာသွားပြီး Jen လဲကျမသွားပေ ။ Jen မျက်လုံးတွင်မျက်ရည်တို့ဝေ့ဝဲတက်လာပြီး

" ကလေး မင်းတို့ကိုအဲလောက်တောင် စိတ်ဆိုးနေခဲ့တာလား ?"

Chaeng ဘာမှပြန်မဖြေမိ ။ တကယ်တော့ မ ကို သူမ မုန်းချင်လို့တောင် မုန်းမရခဲ့တာ သူမ အသိဆုံးလေ ။

" တို့ သွားပြီ ကလေး "

Jen သူမ မြင်ကွင်းထဲက ထွက်သွားသည်ထိ Chaeng ရပ်နေမိသည် ။ Jen ကတော့ ကားထဲသို့ဝင်ကာ ရှိုက်ကြီးတငင်ငိုနေမိသည် ။ သူမကလေးက သူမကို တော်တော်လေးမုန်းတီးနေပြီဟု ထင်လိုက်မိသောကြောင့်ပင် ။ အရင်ဆို ကလေးဘယ်လောက်စိတ်ဆိုးစိတ်ဆိုး Jen အနမ်းတစ်ခုနဲ့တင် ပြေပျောက်တတ်မြဲ ။

Nora Eonnie ထံမှ ဖုန်းဝင်လာသည် ။ သေချာပါတယ် သူမအဆူခံရတော့မှာ ။

" Jen ဘယ်သွားနေခဲ့တာလဲ ? ညကလည်းနောက်ကျတယ် ။ ခုမနက်လည်း Eonnie ကိုမပြောဘဲထွက်သွားပြန်ပြီ ။ ဒီမှာဘယ်လောက်စိတ်ပူနေရလဲ သိရဲ့လား "

Nora Eonnie ရဲ့ စေတနာကို Jen နားလည်ပါသည် ။

" Sorry Eonnie Jen အခုပြန်လာနေပြီ "

" ဟယ် အသံလည်းမကောင်းဘူး ဘာလဲ ဟိုကောင်မလေးနဲ့သွားတွေ့လာတာလား ?"

" ဘယ်လိုသိလဲ Eonnie "

" သိတာပေါ့ မနေ့ကလည်း သူနဲ့တွေ့ခဲ့တာကို Jenပြောတယ်လေ "

ဪ ဟုတ်သား ။ Jen မျက်ရည်တွေကျကာ ဖုန်းပြောရင်း ကားမောင်းလာခဲ့သည် ။ Nora Eonnie ဖုန်းချသွားသောအခါ Unknown Number တစ်ခုမှ ဖုန်းဝင်လာခဲ့သည် ။

" Kim Jennie "

တစ်ဖက်က Jen နာမည်ကို ခနဲ့သလိုလေသံဖြင့် ခေါ်လိုက်သောကြောင့် Jen စိတ်တိုသွားသည် ။

" ဘယ်သူလဲမသိ .. "

" Oh ho ! မင်းက ကိုယ့်အသံကိုတောင်မမှတ်မိတော့ဘူးပဲ ဟား ဟား ဟား "

" Jung Hae Min !!!"

" မှတ်မိသေးတယ်ပေါ့ ဟုတ်လား ? ဒါဆိုမင်းဒီအသံကိုလည်း မှတ်မိမှာပါ ဟား ဟား ဟား "

" ရှင်ဘာပြော .."

Jen စကားမဆုံးခင် တစ်ဖက်မှ ကောင်မလေးတစ်ယောက်အသံကြားလိုက်ရသည် ။

For Chaeyoung 🖤 CompletedWhere stories live. Discover now