(Unicode)
ခွဲစိတ်ပြီး ၂ နာရီအကြာ ... ။
Chaeng မ မျက်နှာလေးကိုငေးကြည့်နေမိသည် ။ ဆေးထိုးအပ်ကြောက်တတ်သော ထိုလူသားလေးရဲ့ လက်မှာ ဆေးထိုးအပ်ရာတွေ ... ။
" Chaeng တောင်းပန်ပါတယ် မ ရယ် ။ တကယ်ဆို မ ဘက်ကို Chaeng ပြန်ကြည့်ခဲ့သင့်တာ ။ မနေ့ညကလည်း ဟိုလူနဲ့ထိပ်တိုက်တွေ့ခဲ့သေးတယ်ဆို ။ ဘာလို့အဲလိုတွေလုပ်ရတာလဲ ? Chaeng မှာ မ တစ်ယောက်ပဲရှိတာပါ ။ ဘယ်လောက်ပဲ စိတ်ဆိုးခဲ့တယ်ပြောပြော မ ကိုအခုလိုမြင်ရတယ် နာကျင်ရတယ် ။ Chaeng မ ကိုချစ်နေတုန်းပဲ သိရဲ့လား ?"
" တကယ်လား ... ?"
ဖျော့တော့သော အသံကြောင့် Chaeng ငိုနေရာကကြည့်လိုက်တော့ သတိရနေပြီဖြစ်တဲ့ မ ။
" ဟင် မ သတိရလာပြီလား ? ဆရာဝန်သွားခေါ်လိုက်ဦးမယ်နော် ခဏစောင့် "
အပြင်ထွက်ဟန်ပြင်နေသည့် Chaeng လက်ကိုဆွဲထားကာ
" မသွားပါနဲ့ မ အနားကနေ ဘယ်ကိုမှထွက်မသွားပါနဲ့တော့ ကလေးရယ် "
" မသွားပါဘူး မ ရယ် အခုက မ သတိရလာတာကို ပြောရဦးမယ်လေ "
" ရပါတယ်တော် ရှင်တို့အတူတူနေကြပါ ငါပဲသွားပြောလိုက်မယ် တကတည်း ကဲကိုကဲတယ် "
အခန်းပေါက်ဝမှ Nora Eonnie ကလှမ်းပြောတော့ Jen နာကျင်နေတဲ့ကြားက ပြုံးမိသေးသည် ။
" ကလေး ခုနကပြောတာ တကယ်လား ?"
" ဘာကိုလဲ ?"
" ခုနက သူပဲပြောပြီးတော့ မသိချင်ယောင်ဆောင်နေပြန်ပြီ ဟွန့် "
" စတာပါ မ ရယ် ချစ်တယ် ဟိုးအရင်ကတည်း ခုချိန်ထိ မပြောင်းလဲတဲ့အချစ်နဲ့ချစ်တယ် ။ စိတ်ဆိုးတယ်ဆိုတာက မ ဘက်ကအခြေအနေတွေကိုမသိခဲ့လို့ပါ "
ပြောရင်းဆိုရင်း အသံတိမ်ဝင်သွားကာ မျက်ရည်တွေကျနေသော သူမ ကလေးလေး ။
" မငိုပါနဲ့ ခုချိန်ကစပြီး မ ကမင်းကိုပျော်အောင်ထားမှာမို့ ထပ်ပြီးမငိုပါနဲ့တော့နော် "
Chaeng မျက်ရည်သုတ်ကာ ခေါင်းငြိမ့်လိုက်သည် ။ ထို့နောက် ဆရာဝန်တွေရောက်လာကာ ဆေးစစ်ပြီး သောက်ဆေးတွေကအစ အသေးစိတ်ညွှန်ကြားလိုက်သည် ။ ဆရာဝန်တွေပြန်သွားခါမှ
YOU ARE READING
For Chaeyoung 🖤 Completed
Romance" Chaeyoung ရယ် မင်းကိုနာကျင်စေခဲ့မိတဲ့အတွက် တို့တကယ်တောင်းပန်ပါတယ် ။ ဒါပေမယ့်လေ မင်းအတွက် တို့အမြဲရေးပေးခဲ့တဲ့ For Chaeyoung 🖤 ဆိုတာလေးက အဓိပ္ပါယ်ရှိပါတယ် ။ တို့ကအမြဲ Chaeyoung အတွက်ပါ ဆိုတဲ့ အဓိပ္ပါယ်ပါ ကလေးရယ် .... " - Jennie Kim " Chaeng က Jen...