Part 14

1.8K 145 11
                                    

(Unicode)

" တီး တောင် ~ "

အိမ်ရှေ့က bell သံကြားတော့ Jen ကိုယ်တိုင်ထဖွင့်ချင်သော်လည်း Nora Eonnie ကချုပ်ရိုးပြေမှာစိုးသောကြောင့်  အိပ်ရာထဲမှာပဲ လှဲနေခိုင်းသည် ။

" မ ဘယ်လိုနေလဲ သက်သာလား ?"

မုန့်‌ထုပ်တွေ တစ်ပုံတစ်ပင်နဲ့ Jen အခန်းထဲကိုဝင်လာသော Chaeng ။ သေချာပါတယ် ဒီမုန့်တွေက Jen ဖို့ဝယ်လာတယ်ဆိုပေမယ့် ပြီးရင် သူစားတာနဲ့ကုန်မှာပဲ ။ 🤣

" အင်း သက်သာပါတယ် ကလေးရဲ့ ဆေးရုံကြီးမှာ မနေချင်လို့ မြန်မြန်ဆင်းလာတာ "

" မမဟာက လွန်လွန်းပါတယ် မနေ့က operation ဝင် ဒီနေ့ဆေးရုံက ဆင်း "

မျက်စောင်းလေးထိုးကာ ပွစိပွစိပြောနေသော ထိုကလေးငယ်ကို Jen မြတ်မြတ်နိုးနိုးကြည့်နေမိသည် ။ မတွေ့ရတဲ့အတောအတွင်းမှာ လူကြီးဆန်လာလိုက်တာ ။

" မ "

" ဟင် "

" ဘာကြည့်နေတာလဲလို့ ?"

" ဪ မတွေ့ရတဲ့အချိန်အတွင်း ယောင်းငယ်လေးက ပိုရင့်ကျတ်လာလို့ပါ "

" ဟီး ဟုတ်လား ?"

Chaeng Jen ကုတင်ဘေးကစားပွဲပေါ်ကိုကြည့်မိတော့ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံလေး ။

" ဟင် မမမှာဒီပုံလေးရှိသေးတယ် ?"

" ဟုတ်တယ် ကလေးရဲ့ မမသိမ်းထားတာ ကလေးနဲ့မရဲ့ပျော်စရာ‌အကောင်းဆုံးနေ့တွေလေ "

Flashback start >>>>>>>>

လွန်ခဲ့သော (၇) နှစ် ..... ။

Chaeng နှင့် Jen လည်း အတန်အသင့်ရင်းနှီးနေပြီဖြစ်သည် ။ Chaeng အသက် ၁၈ ကနေ ၂၀ ထိ Jen နောက်အရိပ်လိုလိုက်ရင်း ရှိနေခဲ့သည်မို့ Jen ကလည်းသူမကို အထူးတလည် ဂရုစိုက်ပေးသည် ။

ဖုန်းနံပါတ်အပြန်အလှန်ပေးကာ Jen စိတ်ညစ်တိုင်း ညလုံးပေါက်ရင်ဖွင့်သမျှကို မပျင်းမရိနားထောင်ပေးခဲ့သူမှာ Chaeng ဖြစ်လာသည် ။ Jen မသိလိုက်ခင်မှာပင် Chaeng သည်သူမဘဝ၏အရေးပါသောလူတစ်ယောက်ဖြစ်လာသည် ။

Chaeng အသက် (၂၀)ပြည့်သောနေ့တွင် Jen ကိုယ်တိုင်မွေးနေ့ကိတ်လုပ်ကာ suprise လုပ်ပေးခဲ့သည် ။ ထိုကလေးမလေးကတော့ ပျော်နေတာ မျက်ရည်များပင်ကျလို့ ။

For Chaeyoung 🖤 CompletedWhere stories live. Discover now