" အာ မ ဆီသွားရမှာ နောက်ကျနေပြန်ပြီ "
Jen ဆေးရုံကဆင်းကတည်းက Chaeng Jen ဆီ နေ့တိုင်းသွားသည် ။ ဆိုင်အလုပ်ပေါ်လာလျှင်တော့ ချက်ချင်းပြန်ပြေးရသည် ။ သူမလည်း နာမည်လေးရလာပြီလေ ။
" ဒီမှာ "
သူ့ကိုခေါ်သံကြားလို့ Chaeng နောက်လှည့်ကြည့်လိုက်တော့ ရှေ့ဆံပင်ချထားတဲ့ ကောင်မလေးတစ်ယောက် ။
" နင် ~ နင် Park Chaeyoung မလား ?"
" နင်က Lalisa လား !"
Lisa နှင့် Chaeng တို့သည် မူလတန်းအရွယ်က ခင်လာခဲ့ကြသည် ။ ထိုင်းမလေး Lisa က Chaeng ရှိရာ Australia သို့ ၈ နှစ်ကတည်းက ကျောင်းလာတက်သောကြောင့် ခင်ခဲ့ကြခြင်းဖြစ်သည် ။ Chaeng Korea ကိုထွက်လာခါမှ အဆက်အသွယ်ပြတ်သွားကြတာ ယခုမှ ပြန်တွေ့ခဲ့ကြသည် ။
" နင် အားလား Chaeng ငါတို့ တစ်နေရာရာမှာ မုန့်စားရင် စကားပြောရအောင် "
" အေး အားပါတယ် ခဏနော် "
Chaeng ခပ်လှမ်းလှမ်းသို့သွားကာ မ ဆီဖုန်းဆက်လိုက်သည် ။
" မ "
" ပြော ကလေး "
" ဒီနေ့ ငယ် မလာဖြစ်တော့ဘူး "
" ဟင် "
စိတ်မကောင်းဖြစ်သွားမည့်မျက်နှာလေးကို အသံကနေတစ်ဆင့် ပုံဖော်လို့ရသည် ။
" ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံလို့ သူ့ကိုမုန့်လိုက်ကျွေးမလို့ "
" မိန်းကလေးလား ယောင်္ကျားလေးလား ?"
အရေးထဲ သဝန်တိုနေသော မ ကြောင့် ရယ်မိပြန်သည် ။ Chaeng ရယ်တာကိုကြားသွားသော မ က
" ဟော် ဘာရယ်တာလဲ ?"
" ဘာမှမဟုတ်ပါဘူး မ သဝန်တိုနေတာမလား "
" မတိုပါဘူး ဘာလို့တိုရမှာလဲ ?"
" အင်းပါ ခုသူငယ်ချင်းက မိန်းကလေး ။ ငယ်ငယ်ပိစိကတည်းက ခင်လာတာ ။ စိတ်ချ ငယ်က မ တစ်ယောက်တည်းကိုပဲ ချစ်တာ "
" ပြီးရော ချစ်တယ် ကလေး "
" ဟုတ် ဒါပဲနော် မ "
" အင်း အင်း "
Chaeng ဖုန်းပြောပြီးခါမှ ကားနားသို့ပြန် လျှောက်လာကာ
YOU ARE READING
For Chaeyoung 🖤 Completed
Roman d'amour" Chaeyoung ရယ် မင်းကိုနာကျင်စေခဲ့မိတဲ့အတွက် တို့တကယ်တောင်းပန်ပါတယ် ။ ဒါပေမယ့်လေ မင်းအတွက် တို့အမြဲရေးပေးခဲ့တဲ့ For Chaeyoung 🖤 ဆိုတာလေးက အဓိပ္ပါယ်ရှိပါတယ် ။ တို့ကအမြဲ Chaeyoung အတွက်ပါ ဆိုတဲ့ အဓိပ္ပါယ်ပါ ကလေးရယ် .... " - Jennie Kim " Chaeng က Jen...