Part 11

1.8K 155 14
                                    

(Unicode)

Chaeng အိပ်ရာကနိုးသောအခါ ကင်မ်ချီထမင်းကြော်နံ့ရ၍ အိပ်ခန်းထဲမှထွက်ကြည့်လိုက်သည် ။ ကိုယ့်မျက်လုံးကိုယ်ပင်မယုံ ။ ထမင်းဟင်းမချက်တတ်သော သူ့မမက သူတို့နှစ်ယောက်၏အိမ်မီးဖိုချောင်တွင် အသေအချာချက်ပြုတ်နေလေသည် ။

နောက်ကကြည့်ရင်တောင် မမှားနိုင်တဲ့သူမို့ Chaeng အမြင်မှားတာမဖြစ်နိုင် ။ အံ့လည်းအံ့ဩသလို ဝမ်းသာခြင်းကလည်း ရောယှက်နေသည် ။

" ကလေး နိုးပြီလား ?"

Jennie ၏အမေးကိုကြားမှ Chaeng သတိပြန်ဝင်ကာ

" ရှင်ဘာလုပ်နေတာလဲ ?"

" ကလေးအတွက် kimchi ထမင်းကြော်ကြော်နေတာလေ "

" ရှင်ကအရမ်းအားယားနေတာလား ?"

မနူးညံ့သောစကားလုံးတို့သည် Jenချစ်ရတဲ့ကလေးနှုတ်က ထွက်ကျလာသည်ဆိုတာ Jen နည်းနည်းတော့အံ့ဩမိသည် ။ ဒါပေမယ့် Jen ကိုသူမ ခွင့်လွှတ်ဖို့အတတ်နိုင်ဆုံးကြိုးစားမည်ဟု ဆုံးဖြတ်ထားခဲ့သောကြောင့် Jen ပြုံးပြုံးလေးနှင့်ပင်

" အားတော့ဘယ်အားပါ့မလဲ ကလေးရယ် ။ schedule တွေဖျက်ထားရတာပေါ့ "

" အဟက် "

ခပ်ရွဲ့ရွဲ့ရယ်သံကလွဲလို့ ဘာတုန့်ပြန်စကားမှမကြားရ ။ ပြီးမှ

" ဪ တစ်ခါတည်းပြောထားရဦးမယ် Kim Jennie Shi ။ ကျွန်မနာမည် Park Chaeyoung Or Park Rosé ပါ ရှင်နောက်ထပ် တခြားနာမ်စားတွေမသုံးဖို့ မျှော်လင့်ပါတယ် "

Chaeng ပြောပြီးပြီးချင်း အခန်းထဲသို့ပြန်ဝင်ကာ မျက်နှာသစ် ၊ သွားတိုက်ပြီးနောက် အခန်းထဲကထွက်လာခဲ့သည် ။ ဒါကိုမြင်သော Jen က

" ကလေး အာ Sorry Chaeng ဒီမှာအဆင်သင့်ဖြစ်ပြီ ဘယ်သွားမလို့လဲ ?"

" ရှင်ချက်ထားတာကို စားချင်တယ်လို့များ ကျွန်မပြောမိလို့လား ?"

တစ်ခွန်းထဲပြန်ပြောကာ ချာခနဲလှည့်ထွက်သွားသော ချစ်ရသူကို သူမ စိတ်မဆိုးရက်ပါ ။ ကျလုဆဲဆဲ မျက်ရည်တို့ကိုထိန်းပြီး ဓာတ်ပုံများထားသည့်အခန်းသို့ဝင်လာခဲ့သည် ။

တစ်ခွန်းထဲပြန်ပြောကာ ချာခနဲလှည့်ထွက်သွားသော ချစ်ရသူကို သူမ စိတ်မဆိုးရက်ပါ ။ ကျလုဆဲဆဲ မျက်ရည်တို့ကိုထိန်းပြီး ဓာတ်ပုံများထားသည့်အခန်းသို့ဝင်လာခဲ့သည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
For Chaeyoung 🖤 CompletedWhere stories live. Discover now