Love and peace (Ep-34 final)

2.5K 127 42
                                    

Unicode

ကလေးကိုဖက်ပြီးအိပ်ရတာကောင်းလိုက်တာ မျက်လုံးဖွင့်ပြီး
ရင်ခွင်ထဲကကလေးကို ငုံ့ကြည့်တော့ဒင်းလေးက မျက်လုံးလေးပြူးပြီး ကျွန်တော့်ကိုကြည့်နေတာ

Mew:ဟင် ကလေး နိုးနေပြီလား

Gulf:ဟုတ် ဦး နိုးနေတာ နဲနဲကြာပြီ ဦးအိပ်နေတာကို ကြည့်နေတာ

Mew:ဘာလို့အစောကြီးနိုးနေတာလဲကလေးရဲ့ အခုမှ7နာရီ
ရှိသေးတာကို

Gulf:ဒီနေ့တရားရုံးသွားရမယ်ဆိုတော့နဲနဲစိတ်လှုပ်ရှားနေ
လို့ဖြစ်မယ်

Mew:အဟက် ဘာများစိတ်လှုပ်ရှားစရာရှိလဲကလေးရယ် နိုးနေပြီဆိုလဲထလေ ရေချိုးရအောင်လို့

Gulf:ဟုတ် ဦး

ရေချိုးပြီးတော့ကုတင်ပေါ်မှာအင်္ကျီလဲအသင့်ထုတ်ပေး
ထားပြီးကလေးကပါထိုင်စောင့်နေတယ်

Mew:ကလေးကပြီးသွားပြီလား

Gulf:ဟုတယ်ဦး ကျွန်တော်ဆင်းလာတော့ ဦးက မပြီးသေးလို့ ထိုင်စောင့်နေတာ

Mew:aww

ထုတ်ပေးထားတဲ့အင်္ကျီကိုယူပြီး၀တ်မယ်လုပ်တော့

Gulf:ကျွန်တော်၀တ်ပေးမယ် ဦး

အင်္ကျီကြယ်သီးသေချာတပ်ပေးတယ်

Gulf:ဦးက ကြယ်သီးကိုအဆုံးထိတပ်ရတာ မကြိုက်ဘူးမလား

Mew:မကြိုက်တာတော့မဟုပါဘူး ဒီတိုင်းအဆုံးထိ တပ်နေရင် အချိန်ကုန်လို့ မတပ်တော့တာ အခုကိုယ့်မိန်းမလေးက ကြယ်သီးတပ်ပေးတော့လဲ ကိုယ်က၀တ်ရမှာပေါ့

Gulf:အဟက် ဘာမိန်းမလေးလဲ ဦးကလဲ

Mew:ချစ်လို့ပါ ကလေးရယ် ကိုယ့်ကိုmorning kissလေးမပေးချင်ဘူးလား

Gulf:ပေးချင်တာပေါ့ အဟိ

ကလေးခါးကနေအသာလေးဆွဲဖက်လိုက်တော့ အနားကိုရောက်လာတဲ့နှုတ်ခမ်းကွေးကွေးလေးကို
အနမ်းတေစိတ်ကြိုက်‌ခြွေပစ်လိုက်တယ်

မနက်စာစားပြီးအချိန်က9နာရီတောင်ထိုးတော့မယ်

Mew:ကလေးသွားကြမလား veeကိုပါ ၀င်ခေါ်ရအုံးမှာဆိုတော့

Love and PeaceWhere stories live. Discover now