Unicode
Next morning,
အရင်နိုးလာသောmew မျက်လုံးလေးဖွင့်ကြည့်တော့ ရင်ခွင်ထဲကကောင်ကလေး ညဘက်တွေဘယ်လောက် ညဉ့်နက်ပါစေမနက်ဆိုအစောထတတ်တဲ့အကျင့်ရှိတဲ့သူလေးက မနေ့ကကျွန်တော့်ကြောင့်ပင်ပန်းသွားရလို့ အခုထိတောင်မနိုးသေး အချိန်က10နာရီခွဲနေပြီ
မနှိုးရက်တာနဲ့ ဆံပင်လေးကိုသပ်ပေးပြီး ကြည့်နေမိတယ် အပျင်းကြောတစ်ချက်အဆန့်မှာလစ်ဟာသွားတဲ့လည်ပင်းနားလေးမှာ ကျွန်တော်ပေးထားတဲ့အချစ်အမှတ်အသားတွေနဲ့ လှချင်တိုင်းလှနေတော့တာ..
ကြည့်နေရင်းကနေ ပွင့်လာပါပြီ ကျွန်တော်ကိုမြင်တော့ မျက်လုံးပြူးပြီးကြည့်နေတဲ့ကလေးငယ် တစ်စက္ကန့် နှစ်စက္ကန့်သုံးစက္ကန်လောက်သာ ကြည့်ပြီး အပေါ်ကနေ ခြုံပေးထားတဲ့စောင်ကို မ ကြည့်နေပြန်တယ် "အ၀တ်တွေရောရှိသေးရဲ့လားပေါ့.."
အိုက်ယားး လုပ်နေပုံလေးက အသဲယားလိုက်တာ..Mew:နိုးလာပြီလား ကလေး
Gulf:ဟုတ်
Mew:ဘယ်လိုနေလဲ အဆင်ပြေရဲ့လား နာနေလား ဟင် ကလေး
ကျွန်တော့အမေးကြောင့် ချက်ချင်းရဲတက်လာသော နားရွက်ဖျားလေးနဲ့အတူမျက်လုံးတွေက တောင်ကြည့် မြောက်ကြည့်
Mew:ဟင် ကလေး ကိုယ့်ကိုကြည့်ပြီး မေးတာဖြေအုံးလေ အဆင်ပြေရဲ့လားလို့
Gulf:ဟာဗျာ ဦးမကောင်းဘူး ဘာတွေလာမေးနေတာလဲ ရှက်စရာကြီးကို သွားတော့မယ်
ရင်ဘတ်ကိုခပ်ဖွဖွထုပြီး မျက်လုံးချင်းလဲမစုံဘဲပြောကာ အိပ်ယာပေါ်က ထပြီးထွက်ပြေးသွားတော့တယ် ကလေးရှက်နေရင်အရမ်း အသဲယားဖို့ကောင်းတာ လူပျိုကြီးကျွန်တော်လဲ ကလေးကြောင့်နဲ့မှဘဲ
ချစ်တတ်လွန်းလို့ ရူးတော့မယ်..ရေချိုးပြီး မီးဖိုချောင်ထဲ၀င်လာတော့ တကုပ်ကုပ်နဲ့ ကြိုးစား ချက်ပြုတ်နေပြန်တယ် အနောက်ကနေအသာလေးသွားပြီး ခါးကိုဖက်ကာပုခုံးပေါ်မေးတင်လိုက်တော့တောင့်တောင့်ကြီးဖြစ်သွားတဲ့ကလေးရဲ့ ခန္ဓာကိုယ်
Mew:ကလေး ဘာလို့တောင့်သွားတာလဲ
Gulf:ဟို..ဦးက ရုတ်တရက်လာဖက်တော့ လန့်သွားတာပေါ့..
![](https://img.wattpad.com/cover/249981651-288-k955109.jpg)
YOU ARE READING
Love and Peace
Fanfictionမိဘတေထားခဲ့တဲ့လုပ်ငန်းကိုတိုးတက်အောင်ပဲဆောင်ရွက်နေပြီး အချစ်ဆိုတဲ့အရာကိုမေ့လျော့နေတဲ့ လူပျိုဟိုင်းကြီး Mew Suppasit❤️ စိတ်နှလုံးသားဖြူစင်သော်လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့် အနှိပ်စက်ခံဘ၀ရောက်ခဲ့ပြီးထိုဘ၀မှလွတ်မြောက်ချင်နေသော Gulf Kanawut💙 သူတိ...