Love and peace(Ep-12)

1.4K 117 4
                                    

Unicode

ချာတိတ်ကိုcomputerသင်ပေးလိုက်တော့နှစ်ရက်ထဲနဲ့ကိုအဆင်ပြေသွားတယ်အကုန်လုံးကိုကျွမ်းကျွမ်းကျင်ကျင်တော့မဟုပေမဲ့လို့ပေါ့ တဖြည်းဖြည်းနဲ့ကျွမ်းလာမှာပါ ချာတိတ်ကတကယ်ကိုကြိုးစားတဲ့ကလေး

Mew:ချာတိတ် အဆင်ပြေတယ်မလား သုံးရတာ

Gulf:ပြေတာပေါ့ ဦးရဲ့ တကယ်ကိုကျေးဇူးတင်ပါတယ်

Mew:အဲ့တာဆို အဲ့laptopယူလိုက်တော့

Gulf:ဟင်

Mew:ကိုယ့်ဆီမှာ ထပ်ရှိသေးတယ် ဒါကအိမ်မှာထားတဲ့ဟာ

Gulf:ဦးရဲ့ အလုပ်ကိစ္စတွေမှတ်ထားတာတွေကရော

လက်ထဲကနေကိုင်ထားတဲ့laptopအိတ်ကိုမြှောက်ပြရင်း

Mew:ဒီထဲမှာပေါ့

Gulf:ဟုတ် ကျေးဇူးပါဗျ

Mew:အာ့ဆို သွားကြမယ်လေ

Gulf:ဟုတ်

ကားပေါ်တွင်

Mew:ချာတိတ် စာတွေလိုက်နိုင်တယ်မလား

Gulf:ဟုတ် လုပ်နိုင်ပါတယ် ဦး ဒါမဲ့အခုတလော စာတမ်းတွေ ပိုလုပ်ရတယ် လာမဲ့သောကြာနေကျရင် presentationတစ်ခု လုပ်စရာရှိတယ်

Mew:အင်းပါ ကြိုးစား မသိတာရှိရင်မေး ဟုပြီလား

Gulf:ဟုတ်ကဲ့ပါ ဦး

-----/////-----

အိမ်ရှေ့ကားရပ်တယ်တော့ ခြံတံခါးဟောင်းလောင်းနဲ့ ခြံထဲကား၀င်လာတယ်ဆိုရင်ဘဲ အိမ်ထဲငေးကြည့်မိတယ် စာအုပ်အပုံလိုက်ရယ်ကျွန်တော်ပေးထားတဲ့Laptop တစ်လုံးရယ်နဲ့ ဘာတွေလုပ်နေလဲမသိတဲ့ချာတိတ်

Gulf:aww ဦးပြန်လာပြီလား ဒီမှာရေ ဦးရေချိုးပြီးလို့ ဗိုက်ဆာရင်စားလို့ရတယ်နော် စာပွဲပေါ်မှာအဆင်သင့်ကျွန်တော်ကတော့စားပြီးပြီ

Mew:အင်းပါ

ဘာစကားမှထပ်မပြောဖြစ်ကြတော့ ချာတိတ်ကလဲ ပြောပြီးတာနဲ့ စာအုပ်တွေကိုသာဟိုလှန်ဒီလှန်နဲ့မို့ ကျွန်တော်လဲအခန်းထဲကိုသာဝင်ခဲ့တော့တယ်

ထမင်းစားရင်း လှမ်းကြည့်မိတော့လဲ ခေါင်းကုတ်လိုက် ချရေးလိုက်စာအုပ်တွေထဲရှာဖွေလိုက်နဲ့

Love and PeaceWhere stories live. Discover now