Love and peace (Ep-16)

1.3K 99 9
                                    

Unicode

မနက်မိုးလင်းတော့ ထုံးစံတိုင်းလိုပေါ့ ဦးအတွက် မနက်စာပြင်ဆင်ပေးကာ စဉ်းစားမိတယ် မနေ့ညကလဲ တကယ်ကိုအိပ်လို့မပျော် မျက်လုံးမှိတ်လိုက်တိုင်းဦးဆီက ဖွင့်ဟ၀န်ခံတဲ့အချစ်စကားတွေပြန်ကြားရင်ထဲယောင်ပြီးကလိကလိ ဖြစ်နေလို့..ညကဘယ်လောက်ပင်အိပ်မပျော်ပါစေ ချစ်ရသူအတွက်မနက်စာပြင်ဆင်ပေးရမယ်ဆိုတဲ့အတွေးကြောင့်လူကလန်းဆန်းတက်ကြွနေတာမျိုး ဒါဟာအချစ်ရဲ့စွမ်းအားဖြစ်လိမ့်မည်...

မနက်စာပြင်ဆင်ပြီးချိန်အထိ ဦးရဲ့အရိပ်အယောင်ကို လုံး၀ကိုမတွေ့ရသေး

Gulf:မနိုးသေးတာလား နောက်ကျနေတော့မယ်

အခန်းတံခါးဖွင့်ပြီး၀င်ရုံရှိသေး ထင်တဲ့အတိုင်း အိပ်ပျော်နေသော ကျွန်တော့်ရဲ့နေမင်းကြီး ခြိုက်စွာအိပ်ပျော် နေတာကြောင့် မနှိုးရက် ပေမဲ့နှိုးမှကိုဖြစ်မည် မဟုရင် နောက်ကျတော့မှာ

ခါးလေးကိုင်းပြီး နားနားကပ်ကာ တိုးလှစွာသော လေသံလေးနဲ့

Gulf:ဦး..ထတော့လေ အလုပ်နောက်ကျနေတော့မယ်

အသံကြားလို့ထင်ရဲ့တစ်ချက်လှုပ်သွားပြီး ပြန်ငြိမ်သွားပြန်ပြီ

ဒီနေ့အလုပ်ကထွေထူးမရှိလို့အိပ်နေတာချစ်လှစွာသော ကလေးငယ်ရဲ့ လာနိုးတဲ့အသံလေးက အူယားစရာ အသံပိစိလေးနဲ့ မနက်ခင်းမှာ လာ ကလူကျီစယ်နေတယ်

Gulf:ဦး..လို့ ထပါတော့ဆို နိုးနေတာသိတယ်နော် အိပ်ချင်ယောင်ဆောင်မနေနဲ့ ထတော့ကွာ အလုပ်ရှိတယ်လေ လို့ နော်

အဟက်!ဘယ်လိုလေးလဲအရင်ကထပ်ပိုချွဲတယ်လို့ထင်ရတဲ့ အသံလေး နိုးနိုးချင်းမှာဒီအသံပိစိလေးကိုကြားရတာက လူကိုလန်းဆန်းစေသည် ညကကျသူ့ဆီကထွက်ပြေးသွားတဲ့ ချာတိတ် တွေ့မယ်

မျက်လုံးဖွင့်ကြည့်တော့ စူပုတ်ပုတ်မျက်နှာဘေးဖြင့် ငုံကြည့်နေတဲ့ ကလေးငယ်ရဲ့ လက်ကနေဆွဲ‌ဆောင့်ကာ ရင်ခွင်ထဲ ၀င်စေလိုက်တယ်

Gulf:ဟာ..ဦး

လက်ကနေဆွဲလိုက်တာကြောင့် အရှိန်မထိန်းနိုင်ဘဲ ဦးရင်ဘတ်ပေါ်ထပ်လျှက်သား

Love and PeaceWhere stories live. Discover now