Unicode
အခုဆို ကလေးနဲ့အတူပြန်နေရတာ5ရက်ရှိပြီ အတူရှိနေတဲ့ အချိန်တေကျတော့လဲကုန်တာမြန်လိုက်တာဆိုတာ
မနက်မိုးလင်းနှိုးလာတာနဲ့ကလေးမျက်နှာလေးကိုတွေ့ရပြီး သိပ်မကြာဘူးညရောက်လို့ ရင်ခွင်ထဲမြုပ်နေအောင်ဖက်ပြီး
အိပ်ရပြန်ပြီ..ကလေးကလဲကျောင်းတက်စရာရှိတာ သွား
တက်သလို ကျွန်တော်ကလဲအလုပ်ပေါ့လေ အလုပ်နဲနဲလေး
အားသွားတာနဲ့ ကလေးကိုlineကနေစာပို့ရတာ အမော
စာပို့လိုက်တဲ့အချိန်ကလေးလဲအားနေတာမျိုးနဲ့ကွက်တိသွားကျရင် ဖုန်းခိုးပြောရတာကတော့ ခြွင်းချက်ပေါ့ အဟဲ
မတတ်နိုင်ဘူးလေ လွမ်းတာကိုဗျ...ကလေးမရှိတဲ့9ရက်ဆိုတဲ့အချိန်တေကိုဖြတ်သန်းရတုန်း
ကဆို နှစ်90လောက် ကြာတယ်လိုတောင်ခံစားရတယ် ကလေးကိုအနားပြန်ခေါ်နိုင်မဲ့အချိန်တေကို
စောင့်ဆိုင်းရတာလောက်ပင်ပန်းတာမရှိ..
အချိန်တေကုန်တာမြန်တယ်ဆိုပေမဲ့ ရှေ့ဆက်ပြီးလဲ ကလေးက ကျွန်တော်နဲ့ အတူရှိနေမှာဆိုတဲ့အသိနဲ့တင် ရင်ထဲလှိုက်ခုန်စေတာအမှန်တစ်နေ့တစ်နေ့ အဲ့ကလေးလေးကို ဘယ်လိုချစ်ရမလဲ ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာတွေးနေတာနဲ့တင်ကို လူကပျော်နေတာ ဒီကလေးဟာကျွန်တော့်ကို အဲ့လောက် ပြုစားပါသတဲ့ ဒါနဲ့လေသိလား အဲ့ကလေးလေး အခု နောက်ပိုင်းအရမ်းကိုဆိုးလာတာ..တစ်ခါခါပြောလို့ကို
မရဘူး အခုလဲကြည့်လေMew:ကလေးရေ ထမင်းစားအုံးကွာ အဲ့စာနောက်မှလုပ် ကလေးမသိတာတေအကုန်ကိုယ်ပြန်သင်ပေးမယ် ထမင်းလေးတော့လာစားပါအုံး
Gulf:မစားပါဘူး ကျွန်တော်လွတ်သွားတဲ့စာတေ ဘယ်လောက်များတယ်မှတ်လဲ စားဖို့အချိန်မရှိသေးဘူး စာမေးပွဲကနီးနေပြီ ကျွန်တော်က ဒီစာမေးပွဲကိုA+နဲ့ အောင်ရမယ်လို့ အစထဲကဆုံးဖြတ်ထားပြီးသား
Mew:အင်းပါ ကိုယ်သိပါတယ် ဒါမဲ့ ထမင်းလေးတော့ စားမှပေါ့ကွာ..အခုဘဲနေ့လည်2နာရီဖြစ်နေပြီ ထမင်းစားချိန်လွန်နေပြီကွ
Gulf:မနက်စာကို11နာရီကစားထားတာလေ အခုမှ2နာရီဘဲရှိ သေးတာ ဗိုက်ဘယ်လိုဆာမှာလဲလို့ ကျွန်တော်ကလေဒီမှာလွတ်သွားတဲ့စာတေကိုပြန်ဖြည့်
နေရတာနဲ့တင် revisionတောင်
ပြန်မလုပ်ရသေးဘူး

YOU ARE READING
Love and Peace
Fanfictionမိဘတေထားခဲ့တဲ့လုပ်ငန်းကိုတိုးတက်အောင်ပဲဆောင်ရွက်နေပြီး အချစ်ဆိုတဲ့အရာကိုမေ့လျော့နေတဲ့ လူပျိုဟိုင်းကြီး Mew Suppasit❤️ စိတ်နှလုံးသားဖြူစင်သော်လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့် အနှိပ်စက်ခံဘ၀ရောက်ခဲ့ပြီးထိုဘ၀မှလွတ်မြောက်ချင်နေသော Gulf Kanawut💙 သူတိ...