Love and peace (Ep-17)

1.5K 106 4
                                    

Unicode

ခြံတံခါးအဆင်သင့်ဖွင့်ထားပေးပြီး အိမ်ပေါက်၀မှာ ငုပ်တုတ်လေးထိုင်စောင့်နေတဲ့ ကလေးငယ်ရဲ့ပုံစံလေးကို မြင်တော့ ကြည်နူးမှုကအတိုင်းမသိ အရင်ရက်တွေကလဲ လာကြိုနေကျဆိုပေမဲ့ဒီနေမှပိုလို့ပင်ပျော်နေရသလို..

Gulf:ဦး ကျွန်တော့်ကိုအိတ်ပေး

Mew:ကိုယ့်ကလေးက စောင့်နေတာလား

လက်ထဲကအိတ်ကို လွှဲပြောင်းပေးရင်းမေးလိုက်တယ်

Gulf:ဒါပေါ့ ဟီး

သဘောတကျရယ်မောနေသူလေး အသဲယားလို့ ပါးလေးတစ်ဖက်ကိုရွှတ်ခနဲနမ်းလိုက်တယ်

Mew:အမောတွေပြောသွားတာဘဲ

Gulf:ဟာ ဦးကကွာ မပြောဘဲနမ်းရသလား

Mew:ချစ်လို့ပါ မွှေးနေတာဘဲ ကလေးဆီကအနံ့လေးက

Gulf:အစောကမှရေချိုးထားတာကိုး

Mew:အင်းပါ

Gulf:ဦး ခဏနားပြီးမှ ရေချိုးနော်

Mew:ဟုပါပြီဗျ

ရေမိုးချိုးပြီးကလေးပြင်ပေးထားတဲ့ညစာကိုနှစ်ယောက်အတူတူစားကြရင်း ရှက်တတ်တဲ့ကလေးငယ်ကို လိုက်စပြီး ရယ်မောနေကြသေးတာ ဘယ်လိုနေနေကို ချစ်ဖို့ကောင်းနေ တော့တာဘဲ ဒီလိုကလေးကို ကျွန်တော်မျိုးဆီပို့ပေးလို့လဲ ကံတရားကြီးကို အကြိမ်ကြိမ် စလံ ပေးမိတယ်...

အရင်ကဆိုအလုပ်မပြီးမခြင်း ရုံးမှာဘဲ မိုးလင်းရင်လင်းပါစေ ထိုင်ပြီး လုပ်တတ်တဲ့ကျွန်တော်က အိမ်ကချစ်မွှေးလေးကို တွေ့ဖို့ လုပ်လက်စတွေကို အိမ်ထိသယ်လာခဲ့တာ ဧည့်ခန်းထဲ ဆိုဖာပေါ်ထိုင်ပြီး စာရင်းတွေလုပ်နေတဲ့ကျွန်တော်နဲ့ ကြမ်းခင်းပေါ်ထိုင်ပြီးစာလုပ်နေတဲ့ကလေး

စာလုပ်ရင်းတစ်ချက်တစ်ချက်လှမ်းကြည့်နေတာ သိသား စာလုပ်လို့ပြီးသွားတဲ့gulfကတော့mewဘေး၀င်ထိုင်ကာ ဖုန်းကြည့်နေပြန်တယ်

အလုပ်လုပ်တာပြီးသွားတဲ့အခါဘေးကိုကြည့်မိတော့ထိုင်ပြီး ဖုန်းကြည့်ကာပြုံးနေတဲ့အကောင်ပေါက်

Mew:ကလေး

Gulf:ဗျာ

ထူးသာထူးတာလူကိုလှည့်မကြည့်

Love and PeaceWhere stories live. Discover now