Love and peace (Ep-28)

1.1K 82 7
                                    

Unicode

Pranburiကပြန်ရောက်ထဲကရုံးကအလုပ်မှန်သမျှ
အိမ်မှာပဲဒိုင်ခံ ထိုင်လုပ်နေရတာ အရေးကြီး‌ချိန်းဆိုမှုတေ ဘာတေရှိမှ ခဏတဖြုတ် အိမ်ပြင်ထွက်ရသည် ထွက်ရင်လဲ ကလေးကို လှောင်အိမ်ထဲက ငှက်လေးလို အိမ်အတွင်းအပြင် အကုန်ပိတ်သွားရသည်အခုတလော ကြံရွယ်နေတဲ့ ကိစ္စလေးရယ် တခြားရင်းနှီးမြှုပ်နှံမှုနဲ့ အသစ်ဆောက်မဲ့ projectအကြောင်းလေးကရှုပ်နေပြန်တော့ ကလေးကိုတောင် သိပ်ပြီးဂရုမစိုက်ဖြစ်ဘူး

အခုလည်း laptopတခုနဲ့လုံးလည်ချာလည်လိုက်နေတဲ့ ကျွန်တော့ဆီ

Gulf:ဦး အလုပ်အရမ်းများနေလား

Mew:ဟင်..ကလေး နဲနဲတော့များတယ် ရုံးမသွားဘဲ အိမ်မှာဘဲလုပ်နေရတော့လေ

Gulf:ကျွန်တော့်ကြောင့်နဲ့ပိုရှုပ်နေပြီထင်တယ်

Mew:မဟုတာကလေးရယ်အခုကprojectအသစ်တေ
ပါလာလို့ပါ

Gulf:အင်းပါ ကျွန်တော်ပြောစရာရှိလို့

Mew:ပြောလေ ကလေး

Gulf:မနက်ဖြန်ကျောင်းသွားကမယ် မတက်တာကလည်း လ၀က်ကျော်ပြီလေ မသွားလို့ကလဲမဖြစ်လို့ နောက်လကုန် examလေ

Mew:ဒါမဲ့ကလေးရယ် ဟိုညီအကိုတေက

Gulf:ဦး ကျွန်တော်အရင်ကgulf မဟုတော့ဘူးဗျ ပြီးတော့သူတို့ ခေါ်တိုင်းပါသွားရအောင် အရင်ကလို ငြိမ်ခံနေမယ်ထင်လို့လား ဒီမှာကြည့်‌တွေ့လား

သူ့ဗလသေးသေးလေးကိုထုတ်ပြပြီးပြောနေလေရဲ့ ဟိုသုံးကောင်ကစွပ်ခနဲမပြေးရင်တောင်ရလောက်တဲ့
ခန္ဓာကိုယ်လေးကို

Mew:ကလေးဒါဟာသလုပ်ရမှာမဟုဘူးလေ မသွားလို့ မရဘူးလား

Gulf:မရလို့ပါဦးရယ် mildတို့ကလည်းမေးနေပြီ ကျွန်တော်ကတခြားအကြောင်းတေနဲ့လျှောက်ပြောထား
ကတာ ပြီးတော့ တကယ် examနီးလာလို့ပါ ကျွန်တော် ထပ်ပြီးလဲရှောင်မနေချင်ဘူးတကယ်သတ္တိရှိနေပြီမို့ စိတ်မပူပါနဲ့နော် ဦး

စိတ်မပူဖို့ပြောပေမဲ့ ဒီကမပူဘဲ‌နေပါ့မလား ကလေးလဲ ဒီလိုပိတ်လှောင်မှုကိုငြီးငွေ့နေပြီထင်ပါရဲ့ အခုချိန်က သူများတေလို လူငယ်ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းပြီး တက္ကသိုလ်တက်သင့်တာပေါ့

Love and PeaceWhere stories live. Discover now