Love and peace (Ep-11)

1.4K 101 6
                                    

Unicode

မနက်မိုးလင်းတော့နှစ်ယောက်သားကတင်းကြပ်စွာဖက်ထားပြီးအိပ်ပျော်နေဆဲmewရဲ့တစ်ညလုံးညီးညူသံတွေကြောင့် မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတဲ့gulf

အနားမှာ တစ်ခုခု‌ရှိနေသလိုခံစားလိုက်ရတာကြောင့် မျက်လုံး ဖွင့်ကြည့်မိတော့ ရင်ခွင်ထဲရောက်နေတဲ့ချာတိတ်‌ကြောင့် ရင်ထဲဒိန်းခနဲဖြစ်သွားပြီးလန့်သွားပေမဲ့ရုန်းလိုက်ဖို့ကလဲ မလွယ်ကူ ချာတိတ်က ခါးကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ငြိမ်ငြိမ်လေးနေပြီး အိပ်ပျော်နေတဲ့ မျက်နှာသေးသေးကို ကြည့်မိတော့ ရှည်လျားပြီး ကော့ဆင်းနေတဲ့မျက်တောင်လေးရယ် ထူထူထဲထဲရှိတဲ့ မျက်ခုံးမွှေးလေးရယ် ချွန်ချွန်လေးဖြစ်နေတဲ့ နှာတံလေးရယ် နီနီရဲရဲနှုတ်ခမ်းလေးရယ် မင်းကအတော်လေးချစ်စရာ ကောင်းပါလား ချာတိတ်ရယ်..

အိပ်ပျော်နေတဲ့ပုံစံလေးကအရုပ်ကလေးတစ်ရုပ်လိုငြိမ်ငြိမ် သက်သက်မျက်နှာလေးကိုထိကြည့်ဖို့ လက်လှမ်းမလို့ဘဲ ရှိသေးတယ် ပွင့်လာတဲ့မျက်လုံးတစ်စုံကြောင့်  လူက ချက်ချင်းကိုကျောက်ရုပ်ဖြစ်သွားသလိုငုံကြည့်နေတဲ့ ကျွန်တော်ကိုမြင်သွားတဲ့ချာတိတ်လဲလန့်သွားပုံဘဲဖက်ထားတာကနေ ချက်ချင်းကိုဆက်ခနဲ ကောက်ထလိုက်တယ်

Gulf:ဦး..ဟိုလေ..မနေ့က..ဦး..ဖျားပြီး ..ချမ်းနေတယ်ဆိုလို့ ဖက်ထားပေးတာပါ

Mew:awwကိုယ်ဖျားသွားတာလား ဟုသားဘဲအခုတော့ သက်သာသွားပါပြီ ကိုယ့်ကိုတစ်ညလုံးကြည့်ပေးနေရလို့ ဒုက္ခများသွားပြီကျေးဇူးနော်ချာတိတ်

Gulf:ဟုတ် ရပါတယ် အာ့ဆို ဦး စားဖို့တစ်ခုခု လုပ်ပေးမယ်နော်

Mew:‌အင်း

ရှက်ပြီးအခန်းထဲကအမြန်ပြေးထွက်သွားတဲ့ချာတိတ်ကြောင့်ပြုံးမိသား ဘာမှလဲမပြောဘဲ အတင်းတွေရှင်းပြနေသေးတာ တကယ့်ကို ကလေးလေးကျနေရော..

Gulf:ဦးကလဲနိုးနေတာကိုဘာလို့မနှိုးတာလဲ နှိုးလိုက်တာမဟုဘူး အားနာလိုက်တာ

နှစ်ယောက်အတူတူမနက်စာစားနေရင်း

Vee:mewရေ mew ငါလာတယ်ကွ

Love and PeaceWhere stories live. Discover now