Unicode
ညနေကျောင်းဆင်းပြီဆိုတာနဲ့ အိမ်ကိုအမြန်ပြန်ပြေးရမည် အိမ်ကလူတွေအတွက်ညနေစာပြင်ပေးဖို့တာ၀န်ဆိုတာ ရှိတယ်လေ တခြားသူတွေလိုပျော်ပါးဖို့ဆိုတာဝေလာဝေး
Ted:gulf ငါတို့နဲ့အတူတစ်ခုခုသွားစားမလား
Tedဆိုတာဒီနေ့ကျောင်းမှာခင်တဲ့ကျွန်တော့်ရဲ့သူငယ်ချင်း အသစ်လေး
Gulf:ငါမလိုက်တော့ဘူးအိမ်ပြန်ရမှာမို့လို့ sorryကွာ
Ted:ရပါတယ်ကွာ အာ့ဆိုလဲနက်ဖြန်မှတွေ့တာပေါ့
Gulf:အေးသွားပြီ bye
ဖုန်းဆိုတဲ့အရာလဲကျွန်တော့မှာမရှိ ဖောပေးထားခဲ့တဲ့ နာရီလေးတစ်လုံးကိုသာအဖော်ပြုပြီးအချိန်တွေကို ကြည့်ရတာ နာရီကိုကြည့်လိုက်မိတော့4နာရီခွဲ ဘုရားရေ နောက်ကျနေပြီအန်တီMayကညနေစာကို6နာရီမှာစားရမှ
ဆိုင်ကယ်ကို အရှိန်နဲနဲမြှင့်လိုက်ပြီး ကျောင်းလမ်းကြားထဲက
မောင်းလာခဲ့တယ်အားးး!!!!
ကျောင်းလမ်း အကျော်လေးမှာ ထောင့်ချိုးလမ်းကနေ မောင်းထွက်လာတဲ့ ကားတစ်စီးနဲ့ ၀င်တိုက်မိမလိုဖြစ်ေတာ့ ဆိုင်ကယ်သမားကျွန်တော်ကရှောင်လိုက်တာ အရှိန်မထိန်းနိုင်ဘဲမှောက်ရောဘဲ
Gulf:အားး ကျွတ်ကျွတ် သေပါပြီ ကျစ် နောက်ကျနေပါတယ်ဆိုကွာ
တံတောင့်စေ့ပွန်းပြီးထွက်လာတဲ့သွေးတွေ
တိုက်မိမလိုဖြစ်တဲ့ကားထဲက လူတစ်ယောက်ထွက်လာပြီး
Mew:ဟေ့ ကောင်လေး ဘာဖြစ်သွားသေးလဲ မင်း သွေးတွေ ထွက်နေတာဘဲ အဆင်ပြေရဲ့လား လာလာ ကိုယ်ထူပေးမယ်
လဲကျသွားတဲ့ဆိုင်ကယ်ကိုပြန်ထောင်ပေးပြီးကျွန်တော့်ကိုပါထူပေး တယ်
Gulf:ငါ့ဆိုင်ကယ်လေး ဘာဖြစ်သွားသေးလဲမသိဘူး
Mew:မင်းသွေးေတွများတာဘဲ ကိုယ်ဆေးခန်း လိုက်ပို့ပေးမယ်လေ
Gulf:ရတယ် ရတယ်မလိုဘူး ကျွန်တော်နောက်ကျနေလို့ သွားတော့မယ်
ပြောလဲပြော ဆိုင်ကယ်ကိုတက်ခွပြီး အမြန်မောင်း လာလိုက်တယ်ကျန်ခဲ့တဲ့လူကလှမ်းအော်ပြောတာတော့ ကြားမိလိုက်သား ဘာတဲ့ "ဖြေးဖြေးမောင်းသွားပြီး အိမ်ကျရင်အနာကိုဆေးသေချာ ပြန်ထည့်အုံးနော်"တဲ့ ဒီအနာလောက်ကတော့ဗျာ Gulf Kanawut တို့ကစာမဖွဲ့ပါဘူး အရိုက်ခံရရင်ဒီထပ်ပိုဆိုးတာလေ ဒီနေ့လဲအရိုက်ခံရအုံးမလားဘဲ နောက်ကျနေပြီ
YOU ARE READING
Love and Peace
Fanfictionမိဘတေထားခဲ့တဲ့လုပ်ငန်းကိုတိုးတက်အောင်ပဲဆောင်ရွက်နေပြီး အချစ်ဆိုတဲ့အရာကိုမေ့လျော့နေတဲ့ လူပျိုဟိုင်းကြီး Mew Suppasit❤️ စိတ်နှလုံးသားဖြူစင်သော်လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့် အနှိပ်စက်ခံဘ၀ရောက်ခဲ့ပြီးထိုဘ၀မှလွတ်မြောက်ချင်နေသော Gulf Kanawut💙 သူတိ...