"1"

4.6K 360 20
                                    

ဖြောင်း!!!!!

ပြင်းထန်သောရိုက်ချက်ကြောင့် ဆော့ဂျင်
ခေါင်းလေးလည်ထွက်သွားလေသည်။
ပြင်းလွန်းတဲ့အရှိန်ကြောင့် ဆိုဖာပေါ်အသင့်ကျသွားရလေသည်။

သန်မာတဲ့ယောကျာ်းတစ်ယောက်ရဲ့
အားပါတဲ့ ရိုက်ချက်ကြောင့် သတိပင်လစ်မတတ်။
ဖြည်းဖြည်းချင်းအားယူကာ လှည့်ကြည့်တော့....

"မင်းကဘာကြည့်တာလဲ မင်းအကောင်နမ်ဂျွန်းမဟုတ်ဖူး ကင်ဆော့ဂျင်!!''

"​ ဂျောင်ကု...ငါပြောတာ..''

"တော်စမ်း မင်းအနေနဲ့ငါ့ကိုလုလည်းယူထားသေးတယ် သိက္ခာလည်းမထိန်းဖူး
ဖြစ်နိုင်ရင် မင်းကိုသတ်ပါသတ်ချင်တာ!!''

"......''

တဖြည်းဖြည်းနာကျင်လာတဲ့ရင်ဘတ်ကို
လစ်လျုရှူ့ကာ မျက်ရည် များအတားအဆီးမရှိ ကျဆင်းလာလေသည်။

ကျေနပ်မှုအလျင်းမရှိတဲ့ ဂျောင်ကုမျက်နှာမှာ
သနားကြင်နာမှုလည်း တစ်စက်တောင်မရှိ။
ဒေါသကြောင့်တွန့်ချိုးနေတဲ့မျက်ခုံးမွှေးတစ်နဲ့ဂျောင်ကုဟာ နည်းနည်းတော့ကြည့်ကောင်းနေပါသေးသည်။

"ငါမင်းမျက်နှာကိုမမြင်ချင်ဖူး ဖြစ်နိုင်ရင်
မင်းနဲ့ခနတောင် မနေချင်တာ..''

ပြောပြီးတာနဲ့ကားသော့ကိုဆွဲကိုင်ပြီး
အိမ်ထဲက တစိမ်းဆန်သောခြေလှမ်းများနှင့်
ထွက်သွားလေသည်။
ကားစက်နိုးသံကြားမှ ဆော့ဂျင်တစ်ယောက်
ရင်ထဲမှာ စို့တစ်လာရသည်။

လိုက်တတ်လာတဲ့ဝမ်းနည်းမှုနဲ့အတူ
ဆော့ဂျင် ငိုမိသည်။ မျက်ရည် များ အထိန်းအကွတ်မရှိကျဆင်းပြီး နာကျင်သောရင်ဘတ်လေးအား တဘုန်းဘုန်းထုနေမိသည်။

"ရင်နာလိုက်တာဂျောင်ကုရယ်...ငါအခုလိုနာကျင်ဖို့မင်းကိုချစ်နေရတာများလား...''

တစ်ချို့သောဝမ်းနည်းမှုများကို
နာမည်တပ်ပါက ဂျောင်ကုအားချစ်နေရခြင်းကြောင့်များသာ။
တချို့သော နာကျင်မှုများကို
နာမည်တပ်ပါက ဂျောင်ကုအား
ချစ်ခဲ့ခြင်းများသာ....။

ဂျောင်ကုပြောသလို ဆော့ဂျင်သည်
ဂျောင်ကုအား လုယူခဲ့ပါသည်။
တနေ့တခြားတိုးတိုးလာသောအချစ်ကို
မျက်စိစုံမှိတ်ပြီး ဂျောင်ကုအား
လုယူခဲ့ပါသည်။

သဲမိုးWhere stories live. Discover now