အေးစက်နေသော ညတစ်ညရဲ့
သွေးခြောက်ခြားဖွယ် ဖြစ်ရပ်တစ်ခု.....။“ဟယ်လို ဂျီမင်းလား!”
“ငါပါဆော့ဂျင်”
ကားမောင်းရင်းနဲ့သူငယ်ချင်းဆီဖုန်းဆက်လိုက်သူမှာ ကင်ဆော့ဂျင်ပင်ဖြစ်သည်။ဝင်းဖန့်သောအသားအရည်ဟာညဖက်ရောက်တာတောင်လှပနေတုန်းပင်။
ဆေးမလိုပဲ ရဲနေသောနူတ်ခမ်းဖူးဖူးလေးက
ဆော့ဂျင်ရဲ့ဆွဲဆောင်မှုများဖြစ်လေမလား...။“မင်းကိုပြောစရာရှိလို့”
“အေးပြော ”
“ငါ့ကိုဒီနေ့ ဂျောင်ကုက ချောကလတ်ပေးတယ်သိလား ဟီးဟီး”
“အံမယ် ဟုတ်လှချည်လားကွ”
“အဲ့ချောကလတ်လေးကိုငါစားတောင်မစားရက်ဖူးကွာ ၀မ်းသာလွန်းလို့ ”
“ချောကလတ်ပေးတာနော် ဂျောင်ကုက
ပြီးတော့ဒီနေ့က Valentine's day ဟဲဟဲ
ဂျောင်ကုငါ့အချစ်တွေရိပ်မိပြီထင်တယ်”“ချောကလတ်ပဲရသေးတာ မင်းက
ငါက ထယ်ယောင်းချက်ကျွေးတဲ့ဟင်းပါစားနေရပြီဟေ့ကောင်ရ!”“အေးပါ မင်းကထယ်ယောင်းရှိတော့ပြောအားရှိတာပေါ့ ”
ဘေးခုံမှာအသင့်ပါလာတဲ့ ချောကလတ်ဘူးလေးကိုကြည့်ရင်း ဆော့ဂျင်ပြုံးပျော်နေပါသည်။
သို့သော်....အပြုံးများဟာ ကြာရှည်မခံပါ။လမ်းကွေ့တစ်ခုထဲသူဝင်အကွေ့
ရုတ်တရက် ကားရှေ့ရောက်လာသော
မိန်းကလေးတစ်ဦးကြောင့်ပင်....။“ဒါဆိုငါ....”
*ဒုန်း*!!!!
ကားရှေ့ရောက်လာတဲ့ကောင်မလေးကို ကားနဲ့ဝင်တိုက်မိပြီး ကောင်မလေးလည်းလွင့်ထွက်သွားသလို ဆော့ဂျင်လည်း ကားထဲတွင်
မေ့မြောသွားရလေသည်။“...February 14. Valentine's dayတွင်
ဂမ်နမ်းလမ်းကွေ့တစ်ခု၌ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ လမ်းထဲကွေ့ဝင်လာသော
ကားနှင့်အမျိုးသမီးတစ်ဦး တိုက်မိခြင်းဖြစ်သည်။ကားတိုက်မိပြီးနောက် အမျိုးသမီးလည်း ကားနဲ့180mလောက် အဝေးရောက်ခဲ့ပြီး
ကားမောင်းသူမှာလည်း ကားထဲမှလွင့်ထွက်ခဲ့ရသည်....”
YOU ARE READING
သဲမိုး
Fanfictionဂျောင်ကုရေ မပိုင်ဆိုင်ရတဲ့ ကောင်လေးရေ မုန်းချင်မုန်းပါ အနားကတော့ မထွက်သွားပါနဲ့။