အေးချမ်းသောမနက်ခင်းလေးဝယ်....။
နေရောင်ရဲ့ကျီစယ်မှုက အိပ်ပျော်နေသော
ဂျောင်ကုရဲ့မျက်နှာပေါ်သို့ ကျရောက်နေသည်။ နေရောင်ကြောင့် အိပ်နေရင်းတောင် မျက်နှာအနည်းငယ်မဲ့လေသည်။"မောင်က..နှာခေါင်းကြီးတယ်ဟီးဟီး''
အိပ်ယာဘေးမှာထိုင်ပြီး ဂျောင်ကုရဲ့နှာတံလေးကိုထိလိုက် ပါးလေးတို့လိုက်နဲ့
ဆော့ဂျင်အလုပ်ရူပ်နေပါသည်။
ဘယ်လောက်ပျော်နေမလဲဆိုရင်
ဆော့ဂျင်မျက်နှာကိုကြည့်တာနဲ့သိနိုင်၏။"အာ ဟုတ်သားပဲ မနက်စာမလုပ်ရသေးဖူးမေ့နေတာ...''
လက်သီးသေးသေးလေးနဲ့ခေါင်းကိုထုပြီး
အခန်းထဲကထွက်မယ်ကြံတော့...."မွ မောနီးမောင်''
အိပ်မောကျနေတဲ့ဂျောင်ကုနဖူးပြင်လေးအား
အနမ်းတစ်ပွင့်ပေးခဲ့သည်။ ဇာတ်ကားတွေထဲကလိုဆိုရင်တော့ မောနီးkiss....။#############
"မောင်က ဝက်သားကြိုက်တယ်
မနက်စာကို ကင်ချီထမင်းကြော်နဲ့ဝက်သားလေးကြော်ပေးရမလား...''အေပရွန်ကြီးဝတ်ပြီး မီးဖိုချောင်ထဲဆော့ဂျင်
အလုပ်ရူပ်နေလေသည်။
နူတ်ခမ်း ကလဲပွစိပွစိပြောနေပြီး
တစ်ယောက်ထဲအလုပ်ရူပ်နေသောရယ်ပါ..။"ကင်ဆော့ဂျင်!!!!''
သိပ်ရင်နှီးသောအော်သံလေးကြောင့်
ကိုယ်လေးဆတ်ခနဖြစ်ကာ လှည့်ကြည့်လိုက်လေသည်။"ဘာ..ဘာပြောမလို့လဲမောင်..အဲ.ဂျောင်ကု''
အပေါ်ပိုင်းဗလာနဲ့ဂျောင်ကုတစ်ယောက်အခန်းထဲမှထွက်လာလေသည်။ ရူပ်ပွနေသောဆံပင်များ နဲ့အတူ ဒေါသတွေပြည့်နှက်နေသော ဂျောင်ကုမျက်နှာ....။
"မင်းမဟုတ်မှလွဲရော် ညကျငါနဲ့တူတူ!!''
"....''
ဆော့ဂျင်တစ်ယောက်ချက်လက်စဟင်းကိုမီးပိတ်ကာ ဂျောင်ကုဘက်ကိုလှည့်ပြီး ခေါင်းငုံ့ထားလေသည်။ဒါကိုမြင်ရတဲ့ဂျောင်ကုအနေနဲ့တော့
ဒေါသများငယ်ထိပ်ရောက်သလို
ဖြစ်လေသည်။"ဟာ..ဆော့ဂျင် မင်းဘာလို့မတားတာလဲ!!''
ဒေါသကြောင့်တရူးရူးတရှဲရှဲဖြစ်နေတဲ့ဂျောင်ကုကိုကြည့်ပြီး ဆော့ဂျင်မျက်ရည်များရစ်ဝိုင်းလာရလေသည်။
သူ့အနေနဲ့ ပိုင်ဆိုင်ခွင့်တောင်မရဖူးလား...။
![](https://img.wattpad.com/cover/254674545-288-k439562.jpg)
YOU ARE READING
သဲမိုး
Fanfictionဂျောင်ကုရေ မပိုင်ဆိုင်ရတဲ့ ကောင်လေးရေ မုန်းချင်မုန်းပါ အနားကတော့ မထွက်သွားပါနဲ့။