မနက်ခင်းနေရောင်ခြည်လေးဟာ
တစ်စတစ်စနှင့် ဆော့ဂျင်မျက်နှာလေးပေါ်
ကျရောက်လာခဲ့သည်။
မျက်စိကို နေရောင်စူးပေမဲ့ အိပ်ချင်သေးတာမို့ ကျောပေးကာ ကိုယ်ကိုလှည့်လိုက်သည်။“ဆော့ဂျင် ထတော့လေ ဆေးရုံဆင်းရမယ်”
“ဟင် မထချင်သေးဖူး .....”
“မင်းပဲဆေးရုံဆင်းချင်နေတာလေ မရဖူး ထ အိမ်ရောက်မှဆက်အိပ်.…”
“ဟာ ထပြီဟာ!!!”
စောင့်အောင့်တဲ့အသံနဲ့အတူဆော့ဂျင်လေးနိုးထလာခဲ့ပါပြီ။ အိပ်ယာနိုးနိုးချင်း မကျေနပ်တဲ့ မျက်စောင်းကိုရရှိသွားသူ ဂျွန်ဂျောင်ကု
အတွက် နှစ်မိနစ်လောက်ငြိမ်သက်ပေးကြပါ။“ထရင်လဲပြီးရော သွားမျက်နှာသစ်!!”
သိပ်မကျယ်သောအသံနဲ့ပြန်ဟောက်လိုက်တော့မှ ဆော့ဂျင်တစ်ယောက် လူပ်တုပ်လူပ်တုပ်နဲ့ သန့်စင်ခန်းထဲပြေးဝင်သွားလေသည်။
ကျန်ခဲ့တဲ့ဂျွန်ဂျောင်ကုကတော့ သိမ်းစရာရှိတာသိမ်းရင်းနဲ့ ဆော့ဂျင်ထွက်အလာကိုသာ
စောင့်မျှော်နေလေ၏....။“ပေး သဘတ် !”
“ဒီကိုလာ..”
သန့်စင်ခန်းထဲကထွက်ထွက်ချင်း သဘတ်တောင်းတဲ့ ဆော့ဂျင်ကို ကုတင်ပေါ်ကဂျောင်ကုက လက်ဆန့်ကာ ဖိတ်ခေါ်လိုက်သည်။
“မင်းသုတ်ပေးမလို့လား ဂျောင်ကု...”
“ဟုတ်တယ် ”
မျက်လုံးပြူးကာ အံ့ဩနေတဲ့ဆော့ဂျင်ကိုကြည့်ပြီး ဂျောင်ကုတစ်ယောက် ရင်ထကလိကလိဖြစ်ရလေသည်။
ဘယ့်နှယ်....အဲ့လောက်ထိအသဲယားအောင်
လုပ်စရာလိုလား ကင်ဆော့ဂျင်ရှီ!!“တကယ်လား တကယ်..”
“မဟုတ်ဖူး အာချောင်တာဟေးး အာချောင်တာ ကင်ဆော့ဂျင်ရဲ့..”
“ဟမ်”
“ရော့ ကိုယ့်ဟာကိုယ်သုတ်တော့”
လက်ထဲကသဘတ်ကိုပစ်ကာ စိတ်မရှည်တဲ့လေသံ နဲ့ဆိုလိုက်သည်။ မျက်နှာကြီးဆူပုပ်ကာ သဘတ်ကိုယူပြီး နူတ်ခမ်းကပွစိပွစိနဲ့
ဆော့ဂျင်ဟာ အင်မတန်ချစ်ဖို့ကောင်းသည်။
YOU ARE READING
သဲမိုး
Fanfictionဂျောင်ကုရေ မပိုင်ဆိုင်ရတဲ့ ကောင်လေးရေ မုန်းချင်မုန်းပါ အနားကတော့ မထွက်သွားပါနဲ့။