11(The end)

2.8K 285 43
                                    

ဆေးရုံဆင်းပြီး တစ်ပတ်အကြာ....

"ဆော့ဂျင် ဒါလေးစားပါအုံး"

ပူတင်းဘူးကိုဖွင့်ကာဆော့ဂျင်အားခွံကျွေးဖို့
ပြင်လေသည်။နံရံကTVကိုအငမ်းမရကြည့်နေတဲ့
ဆော့ဂျင်ကတော့ ပါးစပ်ကသာစားဖို့ပြင်ပေမဲ့
မျက်လုံးက မကွာသေး။

"ဆော့ဂျင် နောက်မှကြည့် အရင်စားပါဆို"

"...."

ပါးစပ်ကြီးသာဟလာပေမဲ့ မျက်လုံးကမခွာနိုင်
ဆော့ဂျင်ကို ဂျောင်ကုနည်းနည်းစိတ်ထဲကလိကလိဖြစ်လာလေသည်။
မရတော့ဖူး နည်းနည်းကြမ်းပြရတော့မယ်...။

"Yarrr Jeon Jungkook!!!!!....."

Tv remoteကိုဆက်ခနဲကောက်ပိတ်ပြီ ဆော့ဂျင်အရှေ့ဝင်ကာထိုင်လိုက်ပြီး ကာထားလိုက်သည်။
မှတ်ပြီလား ဆော့ဂျင်။

"ဘာလဲ ဘာလဲ "
ဂျောင်ကုက နူတ်ခမ်းတထော်ထော်နဲ့မေးတော့

"ဘာလို့ပိတ်ပစ်တာတုန်း ငါကြည့်နေတယ်လေ"

ဂျောင်ကုနူတ်ခမ်းထက်ပိုထော်တဲ့ဆော့ဂျင်ရဲ့ချယ်ရီဖူးဖူးတုန်တုန် အိစက်နေတဲ့နူတ်ခမ်းကိုမြင်ရတော့ ဂျောင်ကု မခံနိုင်ခဲ့။

"‌အဲ့တာမကြည့်နဲ့ ငါ့ကိုကြည့် ငါ့ကိုကြည့်ရင်းပူတင်းစား..."

"အမယ်လေး အကြည့်ခံချင်ရင်အကြည့်ခံချင်တယ်ပေါ့ ဂျောင်ကုကီးရယ်..."

ဆော့ဂျင်က မျက်စိကလယ်ကလယ်နဲ့ ချစ်စရာကောင်းအောင်စကားကိုချွဲပြောတော့
ဂျောင်ကု တစ်ယောက် ငုတ်တတ်ကြီးအရည်ပျော်လို့ပင်။
နောက်ဆုံးတော့ ဂျွန်ဂျောင်ကု တစ်ယောက်
လက်မြှောက်လျက်။

"အေးပေါ့ နည်းနည်းပါးပါးကိုယ့်ယောကျာ်းကိုကြည့်ပါအုံး ကင်ဆော့ဂျင်ရဲ့ ငါကပဲကြည့်နေရတာ တစ်စိတ်လောက်ပဲ ယောကျာ်းကိုကြည့်ပါအုံး...."

"ကဲကဲ ‌ကြည့်မယ်ကြည့်မယ် ပူတင်းလည်းစားမယ် လူဆိုးကောင်!"

"လူဆိုးကောင်ရဲ့ယောကျာ်း"

"အဲ့ယောကျာ်းကိုမင်းပဲချစ်နေတာလေ"

"တော်ပြီ ပါးစပ်ပိတ်...စားမယ်ကင်ဆော့ဂျင်"

သဲမိုးWhere stories live. Discover now