10

2.1K 280 15
                                    

Zawgyi code
.
.
.
‌ဆေးရုံအခန်းငယ်လေးထဲမှာပေါ့ကွယ်....
အိပ်ပျော်နေတဲ့ဆော့ဂျင်မျက်နှာလေးကိုငေးရင်း
လက်ဖဝါးနုနုလေးများအား ဂျောင်ကုတယုတယနမ်းရိုက်မိသည်။

အိပ်ပျော်နေတဲ့မင်းသားလေးကတော့ အေးချမ်းစရာအတိပင်။ အိစက်နေတဲ့နူတ်ခမ်းသားနဲ့ သိပ်မရှည်လွန်းပဲ လှလွန်းတဲ့မျက်တောင်မွှေးတွေနဲ့
ဆော့ဂျင်ဟာ သူ့အတွက် နတ်သားလေးအလား။

လက်ဖဝါးလေးအား ဂျောင်ကုပါးနှင့်ကပ်စေပြီး
ဆော့ဂျင်ဆံနွယ်လေးအား ဘေးသပ်တင်ပေးလိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်ဆော့ဂျင်
ကိုယ့်ဖက်က မပွင့်မလင်းခဲ့တာတွေအတွက်...."

ဂျောင်ကု သိသည်မှာ ဆော့ဂျင်နိုးလာရင်
အရင်ဆုံးတောင်းပန်မည် ဆော့ဂျင်ခွင့်လွတ်မှုကိုသူခံယူမည်။ ပြီးရင်ဆော့ဂျင့်လက်ကိုဆွဲပြီး
အေးချမ်းတဲ့နယ်မြို့မှာ အခြေချမည်။

ရိုးရှင်းတဲ့အတွေးလေးတစ်ခု ဂျောင်ကုခေါင်းထဲအခုလိုဝင်လာဖို့အတွက် ဆော့ဂျင်အနေနဲ့နာကျင်စွာခံစားခဲ့ရသည်မှာ ဘယ်နကြိမ်ရှိမှန်းမသိတော့ပါ။ ဒီဆေးရုံအနံ့လည်း ရင်းနှီးနေလေရဲ့.....။

ဂျောင်ကုဆုပ်ကိုင်ထားတဲ့ဆော့ဂျင်လက်ဖဝါးလေးမှာ တဖြည်းဖြည်းလူပ်လာလေသည်။
မျက်ခွံများပါထက်တူလူပ်ရှားလာသည်မို့
ဂျောင်ကုတစ်ယောက် ဆော့ဂျင်နာမည်သာရေရွတ်နေ‌တော့သည်။

"ဆော့ဂျင် ဆော့ဂျင်သတိရလာပြီလား
ဆော့ဂျင် ကိုယ့်ဆော့ဂျင်လေး သတိရလာပြီလားဟင်!!"

မျက်လုံးပွင့်လာတဲ့ဆော့ဂျင်ကတော့ အပေါ်ကမျက်နှာကျတ်အဖြူမြင်တော့ နည်းနည်းထိတ်လန့်မိပေမဲ့ ဘေးက ချစ်ရသူခေါ်သံကြောင့်
အဆင်ပြေရသည်မှာ အမှန်ပင်။

"ငါ ...ငါဘယ်ရောက်နေတာလဲ..."

"ဆေးရုံရောက်နေတာ ဘယ်နားနာတာရှိလဲ
ဆရာဝန်သွားခေါ်ရမယ် နေအုံး ငြိမ်ငြိမ်လေးနေနော်ဆော့ဂျင် ကိုယ်ပြန်လာခဲ့မည်..."

ပြောပြီးတာနဲ့ဆော့ဂျင်မျက်နှာလေးအားလက်ဖြင့်ဖွဖွလေးကိုင်ပြီး အခန်းထဲကပြေးကာ ဆရာဝန်သွားခေါ်လေရဲ့......

သဲမိုးWhere stories live. Discover now