ပြာလဲ့နေသော ကောင်းကင်ကြီးတွင်
အဖြူရောင်တိမ်စိုင်များမျောလွင့်နေလျက်ရှိသည်။ ထို့အတူ
တေးသံလေးများပျံ့လွင့်ကာ
လမ်းထောင့်က ကော်ဖီဆိုင်လေးတစ်ခုဝယ်
ဆော့ဂျင် လူတစ်ယောက်ကိုစောင့်မျှော်နေမိသည်။ဆော့ဂျင်ရောက်ရှိနေသော ကော်ဖီဆိုင်အပြင်အဆင်က vintage ဆန်ကာ ဆွဲဆောင်မှုရှိသည်။ အညိုဆန်သော ခန်းစီးလိုက်ကာများနှင့်အတူ တွဲချိတ်ထားသောနီယွမ်မီးလုံးများဟာ ဆော့ဂျင်အား လူတစ်ယောက်ကို သတိရစေပြန်၏။
“ဆော့ဂျင် ”
ဆိုင်တခါးလေးပွင့်ကာ ပြိုင်တူထွက်လာသည့်ခေါ်သံလေးတစ်ခု။
ထိုသူမှာ အခြားမဟုတ် ကင်ဆော့ဂျင်အတွက် အဖိုးတန်သူငယ်ချင်း ကင်နမ်ဂျွန်း။“မင်းဘာတွေဖြစ်ကုန်တာလဲ ငါ့ကိုရှင်းပြပါအုံးဆော့ဂျင်ရယ်....”
မောမောနဲ့သူ့ရှေ့ထိုင်တဲ့ နမ်ဂျွန်းကိုကြည့်ပြီး
ဆော့ဂျင်တစ်ချက်ပြုံးမိသွားသည်။သူ့အနေနဲ့စိတ်ပူမဲ့လူမရှိတော့ဖူးထင်နေတာ
သူ့ဖက်မှာ နမ်ဂျွန်းရှိလေသည်။“ငါတို့လမ်းခွဲလိုက်ပြီဂျွန်း”
“ဟမ် ” အံ့ဩဖွယ်ရာဖြစ်သွားတဲ့နမ်ဂျွန်းအတွက်တော့ အခုထိမယုံကြည်နိုင်သေး။
ဆော့ဂျင် ဂျောင်ကုအားဘယ်လောက်ချစ်သည်ကို သိသည်။
သူ့ဖက်ကစပြီးလမ်းခွဲတယ်ဆိုတာ
အို....မဖြစ်နိုင်လေခြင်း....။“မဖြစ်နိုင်တာ ဆော့ဂျင်ရယ်”
“ဟုတ်တယ်ဂျွန်း သူငါ့ကိုမချစ်တာသေချာသွားပြီကွ”
“ဘယ်လိုသေချာတာလဲ”
သိလိုစိတ်ပြင်းပြကာ စိတ်ဝင်တစားနားထောင်နေတဲ့ နမ်ဂျွန်းကိုကြည့်ပြီးဆော့ဂျင် သက်ပြင်းတစ်ချက်ချမိသည်။“သူက မကြာခင်ကလေးအဖေဖြစ်တော့မှာ..”
နမ်ဂျွန်းရင်ထဲ ကြေကွဲမတတ် အံ့ဩသွားသည်။ထို့နောက် အကြောင်းအရာများအားဆက်လက်ပြောပြကာ မျက်ရည်များပါစို့လာရသည်။ ရင်ကွဲရသည် ရင်နာရသည်။
သူ့အနေနဲ့ ဘာအပြစ်ရှိရှိချစ်နိုင်မယ်လို့မျှော်လင့်ခဲ့သည်။
သို့သော် လူ့လောကထဲမရောက်လာသေးတဲ့ ကလေးကို အဖမဲ့အဖြစ်မခံနိုင်။
သူ့အနေနဲ့ လူကျင့်ဝတ်အရ ကလေးကိုမိစုံဖစုံဖြစ်စေချင်သည်။ ဒါဆော့ဂျင်ရဲ့စေတနာလို့ခေါ်မလား?
YOU ARE READING
သဲမိုး
Fanfictionဂျောင်ကုရေ မပိုင်ဆိုင်ရတဲ့ ကောင်လေးရေ မုန်းချင်မုန်းပါ အနားကတော့ မထွက်သွားပါနဲ့။