"2"

2.8K 311 8
                                    

အေးချမ်းတဲ့ညလေးတစ်ခုဝယ်....။

ယမကာအနံ့များမွှေးပျံ့နေတဲ့ ဟောခန်းကြီးတစ်ခုရှိလေသည်။ ဂီတသံများပျံ့လွှင့်နေသလို စကားပြောသံများကြောင့် ဟောခန်းကြီးအား ပိုမိုသွေးဆူစေသည်။

ထိုလူအုပ်များကြားထဲမှ ဝိုင်းတစ်ခုတွင်
တည်ငြိမ်စွာထိုင်နေသော ဆော့ဂျင်လည်း
ရှိခဲ့သည်။ အနက်ရောင်suit ကိုသပ်ရပ်စွာဝတ်ထားပြီး ရွှေအိုရောင်ဆံပင်ကိုလည်း သပ်ရပ်စွာလှန်တင်ထားလေသည်။

ဝင်းလက်လေသောအသားအရည်ကြောင့်
ချယ်ရီကဲ့သို့ ဖူးဝေနေသောနူတ်ခမ်းကြောင့်
သူသည် ထိုဟောခန်း၏လူများရဲ့အကြည့်များပုံနေစေသည်။
သို့ပေမဲ့ သူမမူပါ။
သူသိတာ လုပ်ငန်းရှင်များနဲ့ စားသောက်နေသော သူချစ်ရသောသူပါပဲ...။

အရက်မကြိုက်တဲ့ဆော့ဂျင်အတွက်
စားပွဲပေါ်မှ ခွက်များသည် အပိုသက်သက်ပင်။ အမြည်းအဖြစ်ချပေးသော စားစရာတစ်ချို့ကိုသာ စားနေပြီး ရေခဲရေကိုသာ ခနခနသောက်မိနေသည်။ ဒီလိုလူရူပ်သောနေရာသည် သူ့အတွက်ပူလောင်လွန်းသည်။

ခပ်ဝေးဝေးက လုပ်ငန်းရှင်များနဲ့ ရီမောကာစားသောက်နေသော ဂျောင်ကုတစ်ယောက်ကတော့ သူရှိမှန်းတောင်မသိပါ။
သူနဲ့ဆင်တူအနက်ရောင်suit ကိုသပ်ရပ်စွာဝတ်ထားပေမဲ့ ကျယ်ပြန့်ပြီးတင်းရင်းလွန်းတဲ့ ရင်အုပ်ကြောင့် အထဲခံအဖြူသည်အနည်းငယ်ကျပ်နေလေသည်။
ပုရိသမိန်းမများရဲ့အကြည့်ဟာ ဂျောင်ကုရင်ဘတ်အားကျရောက်နေပေမဲ့
ဂျောင်ကုကတော့ ပျော်မွေ့ပုံမပေါ်ပါ။

"စီအီးအိုယောကျာ်းက တော်တော်ချစ်တဲ့ပုံပဲနော် အရိပ်တကြည့်ကြည့်ကို လိုက်ကြည့်​နေတာ...''

ဂျောင်ကုနဲ့အတူစကားပြောနေတဲ့ဝိုင်းမှ အသက်ကြီးပုံရသည့် ရှယ်ယာရှင်ထံမှ စကားကိုကြားတော့ ဂျောင်ကုမျက်နှာ
အနည်းငယ် ပျက်ယွင်းသွားလေသည်။
ထို့နောက် ခပ်ဝေးဝေးဝိုင်းက ဆော့ဂျင်ကို
လှမ်းကြည့်တော့ သူ့အား ကြောင်တောင်တောင်ကြည့်နေတဲ့ဆော့ဂျင်ကိုကြည့်ပြီးဒေါသထွက်သွားရလေသည်။

"ဟုတ်ပါ့ဗျာ...ချစ်လို့ယူထားပါတယ်ဆို
ဒါနဲ့ကျွန်တော် သူ့ဆီခနသွားအုံးမယ် သွားခွင့်ပြုပါအုံးဗျာ..''

သဲမိုးWhere stories live. Discover now