အေးစက်သော နေ့ရက်များနှင့်အတူ
တစိမ်းဆန်သော အချိန်များလည်း
ထက်တူကျလာလေသည်။သုံးရက်.....ဆော့ဂျင်ကို ဂျောင်ကု စိမ်းကားသွားတာ သုံးရက်ရှိပြီ။ ညဆိုလဲ နောက်ကျမှပြန်လာတယ် မနက်ဆိုလဲ ဆော့ဂျင်မနိုးခင်
အလုပ်ကိုသွားတယ်....။မျက်နှာချင်းဆိုင်ရင် အကြည့်ချင်းစုံရင်တောင် ဂျောင်ကုဘက်က ရက်ရက်စက်စက်လွှဲပစ်လိုက်တယ်။
ဘာလဲ ဂျောင်ကု...ငါဘာမှားလို့လဲ!!
*ကျစ်*
ပန်းခြံထဲမှာ ရေလောင်းရင် ထိုအကြောင်းများတွေးတော့ မျက်ရည်များက
ကျလာရပြန်သည်။
ပွင့်လန်းနေတဲ့ပန်းပွင့်များကြား
ဆော့ဂျင်ကတော့ မပွင့်လန်းနိုင်သေးပါ။သူ့အနေနဲ့ ဒီလောက်တော့ စိတ်ဆိုးချင်ပါသေးသည်။ သူ့အနေနဲ့ ဂျောင်ကုကို
စိတ်ကောက်ချင်ပါသေးသည်။"ဆော့ဂျင် တံခါးလာဖွင့်စမ်း!!!"
သိပ်ရင်းနှီးတဲ့အသံလေးကြောင့် ခြံတံခါးဆီပြေးကာ စီးကြိုလိုက်လေသည်။
အနက်ရောင်ကားတစ်စီး ဂျောင်ကုရဲ့ကား
သို့ပေမဲ့ ဘေးကလိုက်စီးသူနေရာမှာ
အမျိုးသမီးတစ်ဦးက အဆစ်ပါနေသည်။ရင်ဝစောင့်ကန်ခံလိုက်ရသော မြင်ကွင်းကြောင့် ခြံတံခါးဝမှာ ငူငူကြီးရပ်မိလေသည်။
စိတ်ထဲ ဂျောင်ကုခေါ်လို့ ပျော်မိပေမဲ့
ဘေးကအဆစ်ပါလာသူကြောင့်
သူမပျော်ပါ....။"ဖွင့်လေ ဘာရပ်နေတာလဲ!!"
မာရေကျောရေအပြည့်နဲ့ဂျောင်ကုရဲ့ အသံကြောင့် အသိစိတ်ပြန်ဝင်ကာ
ခြံတံခါးကိုဖွင့်ပေးလိုက်သည်။တလိမ့်လိမ့်ဝင်လာတဲ့ ကားဘီးနှင့်အတူ
ကားထဲက တီတီတာတာမြင်ကွင်းများ..။
ဆော့ဂျင်အနေနဲ့ ရင်ဘတ်ကြီး စုတ်ပြတ်သတ်သည်အထိ နာကျင်မှုများ လိမ့်တတ်လာသည်မို့ ခြံတံခါးအမြန်ပိတ်ပြီး
ပန်းပင်များနား ပြေးသွားလေသည်။"ကိုကို သူကဘယ်သူလဲ"
"သူလား...ဒီအတိုင်း..အပိုလူ!"
အပိုလူဟူသော နေရာအားဆွဲပြောလိုက်သည်မို့ ပန်းပင်များနားက ဆော့ဂျင်တစ်ယောက် ရင်နာရပါသည်။
YOU ARE READING
သဲမိုး
Fanfictionဂျောင်ကုရေ မပိုင်ဆိုင်ရတဲ့ ကောင်လေးရေ မုန်းချင်မုန်းပါ အနားကတော့ မထွက်သွားပါနဲ့။