မှောင်မဲနေသော အခန်းငယ်တစ်ခုတွင်
ဆော့ဂျင် ခြေရာမဲ့လျှောက်သွားနေမိတယ်။
အသံတစိုးတစိမျှမရှိသည့်အပြင် အရာအားလုံးဟာလည်း ခြောက်ခြားဖွယ်.....။“ဒီမှာဘယ်သူရှိလဲ!”
သိပ်မကျယ်သောဆော့ဂျင်အသံလေးကထိုမှောင်မိုက်သောနေရာလေးအားဖုံးလွှမ်းသွားပြန်တယ်။“ဘယ်သူမှမရှိဖူးလား!”
လေအေးကလည်းဘယ်ကမှန်မသိတိုက်ခတ်လေတော့ သူ့ရဲ့ကိုယ်ငယ်လေးတုန်တက်သွားရသည်။
ထိုစဉ်......“ကင်ဆော့ဂျင်!!”
အသံလာရာကိုကြည့်တော့ ဂျောင်ကု။
ဒေါသထွက်နေတဲ့မျက်ဝန်းနဲ့ ဂျောင်ကုတစ်ယောက် သူ့အားသတ်ပစ်ချင်နေပုံပင်။“ကင်ဆော့ဂျင် လူသတ်သမား!”
“ယူမီ့ကိုသတ်တဲ့အကောင် မင်းကိုငါ့လက်နဲ့ပြန်သတ်မယ်!!”
ဒေါသမျက်ဝန်းနဲ့ဂျောင်ကုဟာ ဆော့ဂျင်အနားကိုတဖြည်းဖြည်းလျှောက်လာလေသည်။ လက်များဟာလည်း သူ့ကိုလည်ပင်းညစ်တော့မဲ့အလားပင်.....။
“ဂျောင်ကု...ငါ ငါမသတ်ဖူး ယူမီကို”
“ဂျောင်ကု ငါပြောတာနားထောင်ပါအုံး!”
“နားမထောင်နိုင်ဖူး!!”
ပြောလို့ပင်မဆုံးသေး ဂျောင်ကုလက်များဆော့ဂျင်လည်ပင်းထံကျရောက်လာသည်။တဖြည်းဖြည်းနဲ့အသက်ရှူပါကျပ်လာသည်။
ချွေးစေးတွေလည်းထွက်လာသည်။
မျက်နှာတွေလည်းနီရဲလာသည်။
ဂျောင်ကုကိုစကားပြန်မပြောနိုင်အောင်
ဆော့ဂျင် သေလုနီးပါးဖြစ်နေသည်။“ဂျောင်....ကု..ငါ့ကို...လွှတ်...”
နူတ်ကပြောမရတော့ စိတ်ထဲကပဲ အကြိမ်ကြိမ်အော်မိသည်။
သူ့အနေနဲ့ ဂျောင်ကုကို အိမ်မက်ထဲအထိ
ကြောက်ရသည်။သို့ပေမဲ့ တကယ်တမ်းကျ......
“ဂျောင်ကု ငါ့ကိုလွှတ် ငါ ယူမီကိုမသတ်ဖူးဂျောင်ကု ...အားးးး!!!”
“ဆော့ဂျင်ဘာဖြစ်တာလဲ ဟမ်ဆော့ဂျင်!”
တကယ်တမ်းဆော့ဂျင်အိမ်မက်နေခြင်းဖြစ်သည်။ ဆေးရုံကုတင်ပေါ်မှာအိပ်နေတဲ့ဆော့ဂျင်တစ်ယောက် အိမ်မက်ဆိုးမက်နေခြင်းပင်ဖြစ်သည်။
YOU ARE READING
သဲမိုး
Fanfictionဂျောင်ကုရေ မပိုင်ဆိုင်ရတဲ့ ကောင်လေးရေ မုန်းချင်မုန်းပါ အနားကတော့ မထွက်သွားပါနဲ့။