ကျောင်းသားတွေ အတန်းနားချိန်မှာ လူစုလေ့ရှိတဲ့မြက်ခင်းကွက်လပ်။ ကော်ရစ်တာလေးခုဆိုင်တဲ့ နေရာမှာရှိတာကြောင့် အချိန်မပြတ် လူစည်ကားလျက်။
ရှောင်းကျန့် အပင်ဗေဒစာအုပ်အချို့ပိုက်ပြီး Greenhouse ကို သွားနေတယ်။ Professor Longbottom အချိန်မို့ နောက်ကျလို့မဖြစ်။ မှော်ဆေးပင်တွေက မှတ်ရခက်နဲ့ နည်းနည်းလောက် နောက်ကျရင်တောင် ဘာပြောသွားမှန်းသိမှာမဟုတ်ဘူး။
"hey! Xiao!"
လှမ်းခေါ်သံကြောင့် ခြေလှမ်းတုံ့သွားတယ်။ ခေါ်သံအရတော့ ခင်မင်ချင်လို့မဟုတ်တာ သေချာရဲ့။ အနောက်လှည့်ကြည့်တော့ ထင်ထားတဲ့အတိုင်း Scorpius Malfoy နဲ့ အပေါင်းအပါတွေ။
"မင်းနဲ့ငါ သီးသန့်စကားပြောချင်တယ်"
Malfoy လေသံက မခက်ထန်ပေမယ့် သူ့လူတွေအကြည့်ကတော့ ရှောင်းကျန့်ကို ၀ါးစားမတတ်။
"အတန်းတက်ရဦးမယ် အရေးမကြီးရင်နောက်မှပြော"
"ခဏပဲ မကြာဘူး"
အတန်းချိန်က တော်တော်ကြီးလိုသေးတာကြောင့် ရှောင်းကျန့်ခေါင်းငြိမ့်လိုက်တယ်။
သူသိသလောက်တော့ Malfoy က စာရိတ္တပျက်ပြားနေတဲ့ ကျောင်းသားတွေထဲမပါဘူး။ Albus သူငယ်ချင်းမို့ ပိုလို့တောင်မဖြစ်နိုင်ဘူး။ သို့သော်ငြား လူ့စိတ်ဆိုတာ ခန့်မှန်းမရတဲ့အမျိုးမို့ သတိချပ်ပြီးလိုက်ခဲ့တယ်။ Malfoy သူ့ကိုခေါ်လာတာ Greenhouse အနီးနားက သစ်ပင်အိုကြီးပင်။
"ဒီကိစ္စကို မင်းနဲ့ငါကြားမှာပဲ ရှိစေချင်တယ် အထူးသဖြင့် Hugo Weasley မသိစေနဲ့"
"ဟမ်"
နေပါဦး။ သူငယ်ချင်းတွေကို ဘေးဖယ်ပြီး ရှောင်းကျန့်နဲ့နှစ်ကိုယ်တည်း စကားပြောရလောက်အောင် ဘာတွေများအရေးကြီးသလဲ။ နောက်ပြီး Rose မောင်လေးမသိစေနဲ့ ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။
"ကောင်းပြီလေ မင်းပြောချင်တာဘာလဲ"
"ဒီစာကို Rose Weasley ဆီ ပေးပေး"
Malfoy က သူ့ဝတ်ရုံထဲက စာအိတ်တစ်အိတ်ထုတ်ပြီး ရှောင်းကျန့်ကိုပေးတယ်။ ရှောင်းကျန့် စာရွက်မယူသေးဘဲ သေချာကြည့်မိရဲ့။

ŞİMDİ OKUDUĞUN
Lilac under Moonlight ||YiZhan||
Hayran Kurguသူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် သူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် Wang Yi Bo 💙 Xiao Zhan BO JUN YI XIAO story in Hogwarts