Cʜᴀᴘᴛᴇʀ《21》

1.2K 163 14
                                    

တတီတီနှင့်​မြည်​​နေ​သောနိုးစက်​သံကို လျစ်​လျူရှုရင်း
ရင်​ညွှန့်​က​စောင်​ကိုသာဆွဲယူပြီး ​ခေါင်းမြှီးခြုံလိုက်​သည်​ ။

" ​ရိ​ပေါ်​​ မထ​သေးဘူးလား ​ဒီနေ့ကကျောင်းစတက်​ရမယ့်
ပထမဆုံး​နေ့မဟုတ်​ဘူးလား .. မင်းမထရင်​ ကိုယ်​ ကိုယ့်
ဘာသာ​ကိုယ်​တစ်​​ယောက်​တည်းသွားလိုက်​မှာ​နော်​ "

မီးဖို​ချောင်​ထဲက မနက်​စာပြင်​ရင်း ​လှမ်း​ပြော​သောစကား
သံ​လေးကိုကြားရမှ ​စောင်​ပုံကြားထဲကလူဆိုး​လေးမှာ အိပ်
ချင်​မှုန်​ဝါး​လေးနှင့်​ ကမှူးရှူးတိုး ထထိုင်​​​လာသည်​ ။

" ဘယ်​သူကတစ်​​ယောက်​တည်းသွားခွင့်​ပြုလို့လဲ "

အိပ်​ချင်​မ​ပြေ​သေး​သော မျက်​လုံးတစ်​စုံအား လက်​​ချောင်း
လေး​တွေဖြင့်​ပွတ်​ရင်း ဆူ​အောင့်​​အောင့်​အသံ​လေးနဲ့ လှမ်း
အော်​​ပြော​သောလူဆိုး​လေး​ကြောင့်​ ​ရှောင်းကျန့်​ပြုံးမိသည်​ ။

ရက်​၁၀၀ချစ်​သူကိုရပ်​တန့်​ပြီး သူ့ကိုဖွင့်​​ပြောပြီးတဲ့​နောက်​ပိုင်း
လူဆိုး​လေးဟာ​တော့ သူ့​ပေါ်ကို တ​စ်​နေ့တစ်ြ​ခားပိုပိုဆိုးနွဲ့ပြ
လာခဲ့သည်​ ။

ဒါလည်း ​ကောင်းပါတယ်​​လေ ။

အရင်​လို ခံစားချက်​မပွင့်​မလင်းနဲ့ မထုတ်​ပြတတ်​တာ
ထက်​စာရင်​​ပေါ့ ။

အထက်​တန်းပြီးကတည်းက အ​ကြောင်းပြချက်​အမျိုးမျိုး

နှင့်​သူ့တိုက်​ခန်းမှာလာ​နေတတ်​တဲ့လူဆိုး​လေးဟာ Uni
ပထမနှစ်​တွင်​ ညအိပ်​ည​နေလာ​နေ​နေရင်းက​နေ တစ်​လ
မှတစ်​ရက် ။ ထိုမှ တစ်​နှစ်​မှ အ​မေ​မွေး​နေ့ရက်​တစ်​ရက်
တည်းသာ အိမ်​ပြန်​​တတ်​​တော့ပြီး ။

ကျန်ရက်​​​တွေမှာ​တော့ သူ့တိုက်​ခန်းမှာမရိုးအီနိုင်​​သော
အ​ကြောင်းပြချက်​မျိုးစုံဖြင့်​ လာအိပ်​တတ်​​ပြီး ။ ဒုတိယ
နှစ်​​ ​ရောက်​သည့်​အခါမှာ​တော့ ခိုင်​လုံ​သောအ​ကြောင်း
ပြချက်​ဖြင့်​သူ့တိုက်​ခန်းတွင်​​နေဖို့အ​ကြောင်းဖန်​လာ​လေ
သည်​ ။

|| 100 DAYS BOYFRIEND || Nơi câu chuyện tồn tại. Hãy khám phá bây giờ