ကျောင်းသွားဖို့ အဆင်သင့်ဖြစ်သည်နှင့် အသင့်ပြင်ထားသော
ကျောင်းလွယ်အိတ်လေးကို ယူကာ ရှောင်းကျန့် အောက်ထပ်
သို့ဆင်းလာခဲ့သည် ။အချိန်သည်ကား မနက်(၇)နာရီဝန်းကျင်ရှိနေပြီ ။ ဒီအချိန်တိုင်း
ရှောင်းကျန့် အဖေသည် အလုပ်သွားတာမို့ မနက်စာစားပွဲတွင်
မတွေ့ရတာ မထူးဆန်းလှပေမယ့် ။အရင်ကလို မနက်စာစားပွဲတွင် သူနဲ့အတူကျောင်းသွားဖို့စောင့်နေတဲ့
ညီမဖြစ်သူကို ရှောင်းကျန့် မတွေ့ရတာကြောင့် အနည်းငယ်တော့
ထူးဆန်းသလို ခံစားရသည် ။" Morning မေမေ "
သတ်မှတ်ထားတဲ့ ကိုယ့်ထိုင်ခုံလေး၌ ဝင်ထိုင်လိုက်ပြီး ဘေးခုံအလွတ်
တွင် ကျောင်းလွယ်အိတ်လေးကို တင်ကာ မနက်စာစားပွဲဝိုင်းတွင်
တစ်ယောက်တည်း အထီးကျန်နေသော သူ့အမေကို ရှောင်းကျန့် နှုတ်
ဆက်စကားဆိုလိုက်သည် ။" Morning သားလေး "
နှုတ်ခွန်းပြန်ဆိုလာသော အမေ့စကားအဆုံး ရှောင်းကျန့် မနက်စာ
စားခန်းထဲ မျက်လုံးလေး တစ်ချက်ကစားကြည့်မိသည် ။" ညီမလေးရော မေမေ "
" သမီးလေးက ဒီနေ့သူ့အသင်းနေ့မို့ ကျောင်းစောစောသွားရမှာမို့
ဖေကြီးနဲ့အတူ ကျောင်းကို လမ်းကြုံလိုက်သွားတယ် သား "" အာ . . "
" မေမေ့ သားလေး မွေးနေ့မှာပျော်ရွှင်ပါစေ "
" ကျေးဇူးတင်ပါတယ် မေမေ "
မွေးနေ့ဆုတောင်းလေးနဲ့အတူ တစ်နှစ်နဲ့တစ်နှစ် ထုပ်ပိုးမှုမတူသော
အမေပေးတဲ့ လက်ဆောင်ဘူးလေးကို ရှောင်းကျန့် တရိုတသေ ယူ
ပြီး အပြုံးလေးတွေဖြင့် ကျေးဇူးတင်စကားဆိုမိသည် ။