Cʜᴀᴘᴛᴇʀ《26》

505 50 4
                                    

ဝမ်မိသားစုနဲ့စေ့စပ်ပွဲပျက်သွားသည့်နေ့ကစပြီး လီဆိုယွန်းတစ်ယောက် ကျောင်းမလာဖြစ်ခဲ့တာ နှစ်ပတ်တိတိရှိခဲ့ပြီ ။ သို့သော်လည်း တစ်ဖက်မှာတော့ ရွှေပေါ်မြတင်သူဌေးသားလေးတစ်ယောက်ခင်ဗျာ အချိန်ပိုင်းအလုပ်တွေနှင့် နေသားတကျဖြစ်လို့နေခဲ့ပြီဖြစ်သည် ။

" ရိပေါ် ခဏလေးစောင့်နော် .. ကိုယ်မင်းအတွက် ညစာအမြန်ပြင်  ... "

ရှောင်းကျန့် စကားတပြောပြောနဲ့ ကြက်ဥပန်းကန်လေးကိုခေါက်ကာ ဧည့်ခန်းဘက်သို့ ခဏထွက်လာခဲ့ရာမှ ဆိုဖာပေါ်တွင် မိနစ်ပိုင်းအတွင်း နစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သော ကောင်လေးတစ်ယောက်ကြောင့် ပြောလက်စ စကားလေးတွေ တိတ်သွားခဲ့သည် ။

အိပ်တဲ့အခါတိုင်း တစ်ခါမှမဟောက်ဘူးသော ကောင်လေးမှာ အခုတော့ အလုပ်ပင်ပန်းဒဏ်တွေကြောင့် ဟောက်သံတွေပါထွက်တတ်နေပြီ ။

ရှောင်းကျန့်လက်ထဲကကြက်ဥပန်းကန်လေးကိုဘေးစားပွဲပေါ်သို့တစ်ချက်တင်ပြီး ဆိုဖာလက်ရမ်းတွင်တင်ထားသောစောင်ပါးလေးကိုဖြန့်လျက် အိပ်မောကျနေသောကောင်လေးပေါ်သို့သွားခြုံပေးလိုက်သည် ။

အိပ်မောကျနေသောကောင်လေးအရှေ့သို့ဒူးထောက်ထိုင်လိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောချစ်သူမျက်နှာလေးကိုစိုက်ကြည့်ပြီး နဖူးပေါ်ဝဲကျနေသောဆံနွယ်လေးတို့ကို လက်ညှိုးလေးနဲ့ဖယ်ရှားလိုက်သည် ။

အိမ်တော်တစ်ခုလုံးဖူးဖူးမှုတ်ခံထားရတဲ့ ခြေမွှေးမီးမလောင်လက်မမွှေးမီးမလောင်တဲ့သူဌေးသားလေးရဲ့ လက်နုနုလေးတွေက အခုတော့ ဓားရှရာ အပူလောင်ရာတွေအပြင် ပလာစတာတွေနဲ့မြင်လို့မကောင်း ။

အလုပ်မရှာပါနဲ့လို့ သူ့ဘက်က အတန်တန်ပြောခဲ့တာတောင် ခေါင်းမာတဲ့ကောင်လေးမှာ အမေ့ထောက်ပံမှုမရှိလည်း သူ့ခြေထောက်ပေါ်သူရပ်နိုင်တယ်ဆိုသောဆောင်ပုဒ်လေးဖြင့် အလုပ်တွေကိုမရမကကြိုးစားရှာခဲ့လေသည် ။

ရလာသမျှ အချိန်ပိုင်းအလုပ်တွေကို အကုန်သိမ်းကြုံးလုပ်နေသော ကောင်လေးဟာ တစ်ခါတစ်လေ အစားစားဖို့ကိုပါ မေ့လျော့နေခဲ့ပြီး အစားထက်အိပ်ရေးကိုသာပိုမက်လာခဲ့သည် ။

|| 100 DAYS BOYFRIEND || Where stories live. Discover now