Cʜᴀᴘᴛᴇʀ《17》

2.3K 367 15
                                    

" မိန်​မိန်​ ဘယ်​လဲ "

အတန်းချိန်​ပြီးသည်​နှင့်​ ဖတ်​စာအုပ်​​လေးတစ်​အုပ်​ကိုင်​ကာ မတ်​တပ်
ထရပ်​လိုက်​​သော မိန်​မိန်​ ။ ​မေးလာ​သော သူငယ်​ချင်းမ မီ​ယောင်းအား
သူမ လက်​ထဲက ဖတ်​စာအုပ်​​လေးကို​မြှောက်​ပြလျက်​ ..

" စာကြည့်​တိုက်​ .. လိုက်​ဦးမလား "

" ​တော်​ပါ မလိုက်​​တော့ဘူး ငါ​ရေကူးပဲ သွား​လေ့ကျင့်​​တော့မယ်​ "

" ​ရေကူး​လေ့ကျင့်​ဆိုလို့ နင့်​ပြိုင်​ပွဲ​နေ့ကဘယ်​​နေ့လဲ "

" ဒီတစ်​ပတ်​​သောကြာ​နေ့ လာအား​ပေးမယ်​ဟုတ်​ "

" ဒါ​ပေါ့ ​ပြေးကြည့်​မှ ဒီသူငယ်​ချင်း​လေးတစ်​​ယောက်​တည်း
ရှိတာကို လာအားမ​ပေးလို့ဖြစ်​မလား ရှင်​ရဲ့ "

" အဲ့ဒါ​တွေ​ကြောင့်​ ကျွန်​မကလည်း ရှင်​​လေးကို ချစ်​​နေရတယ်
ငါသွားပြီ "

" အင်း "

သူမအားလက်​ပြနှုတ်​ဆက်​ပြီး အားလပ်​ချိန်​ရတုန်း ​ရေကူး​လေ့ကျင့်​ရန်
ရေကူးကန်​ရှိရာသို့ထွက်​သွား​ခဲ့သော မီ​ယောင်း၏ ​ကျောပြင်​​လေးကို
တခဏ​ငေးကြည့်​မိပြီး​နောက်​ တစ်​ချက်​ပြုံးလျက်​ တက္ကသိုလ်​ဝင်
စာ​မေးပွဲအတွက်​ စာကြည့်​ရန်​ ​ကျောင်းစာကြည့်​တိုက်ဆီသို့သာ
သူမထွက်​လာခဲ့သည်​ ။

ကျောင်းစာကြည့်​တိုက်​သို့​စ​ရောက်​သည်နှင့်​ ​အစ်​ကိုဖြစ်​သူ​ရှောင်းကျန့်
အား​ တွေ့လိုက်​ရတာ​ကြောင့်​ သူမပြုံးမိသည်​ ။

မ​နေ့ညကသူမအိပ်​ရာ​စော​စောဝင်​သွားလို့ ခရီးကပြန်​​ရောက်​လာတဲ့
ရှောင်းကျန့်​နှင့်​ သူမ မျက်​နှာချင်းမဆိုင်​မိသလို ။ ဒီတစ်​​နေ့မနက်​လည်း
အသင်း​နေ့ကျလို့ အတန်းသန့်​ရှင်း​ရေးလုပ်​ရန်​အတွက်​အ​​​ဖေဖြစ်​သူ
ကားနဲ့ကျောင်းကို လမ်းကြုံလိုက်​လာရတာ​ကြောင့်​ သူမ​ရှောင်းကျန့်​နှင့်
အခုထိမျက်​နှာချင်းမဆိုင်​ရ​သေး​​ပါ ။

|| 100 DAYS BOYFRIEND || Wo Geschichten leben. Entdecke jetzt