Cʜᴀᴘᴛᴇʀ《18》

2.8K 362 10
                                    

* တီ .. တီ *

မ​ပြောင်းလဲ​သော Alarmသံကြားရသည်​နှင့်​ ​စုံမှိတ်​ထား​သော
ရှောင်းကျန့်​မျက်​လုံး​လေး​တွေမှာတ​ဖြေး​ဖြေးနှင့်​ပွင့်​အလာခဲ့သည်​ ။

ခါတိုင်းလို ​ရာသီဥတုသာယာတဲ့​ဆောင်းရာသီမနက်​ခင်း​လေးတစ်​ခု
ဖြစ်​​သော်​လည်း သိသိသာသာထူးခြား​နေတာ​လေးက​တော့ ယခင်
ကလို ​ကျောင်းသွားဖို့​လော​နေတဲ့ ညီမ​ဖြစ်​သူရဲ့ အိပ်​ရာလာနိုးသံ
လေးနှင့်​ အ​မေဖြစ်​သူမှမနက်​စာစားဖို့လှမ်း​ခေါ်တဲ့​ခေါ်သံ​လေး​တွေ
ကင်းမဲ့​နေတာ​လေးသာ ။

အိပ်​ရာမှထသည်​နှင့်​ အနည်းပွ​နေ​သော အိပ်​ရာကို​သေချာ​ခေါက်
သိမ်းပြီးသည်​နှင့်​ ​ကျောင်းသွားရန်​အတွက်​ကိုယ်​လက်​သန့်​စင်​ရန်
ရေချိုးခန်းသို့ထွက်​လာခဲ့သည်​ ။

ရေမိုးချိုးပြီးသည်​နှင့်​​ကျောင်းအင်္ကျီလဲဝတ်​ကာ ဖွ​ယောင်း​နေ​သော
ဆံပင်​ကိုေ​သသပ်​အောင်​​ပုံသွင်းပြီးသည်​နှင့်​ ​ပေါင်​မုန့်​မီးကင်​စက်​ထဲ
မှ ရပြီဖြစ်​တဲ့ ​ပေါင်​မုန့်​နှစ်​ချပ်​ကိုယူပြီး ​ပြောင်​လတ်​လတ်​စတီးဓားပါးပါး
လေးဖြင့်​ စ​တော်​ဘယ်​ရီယိုများများ​လေးသုပ်​ပြီး တစ်​ကိုက်​ကိုက်​လိုက်
တော့ လျှာ​ပေါ်​ရောက်​လာ​သော ချိုမြိန်​လှ​သောစ​တော်​ဘယ်​ရီယို
အရသာ​လေး​ကြောင့်​ ​ရှောင်းကျန့်​နှုတ်​ခမ်းပါး​လေးမှာ သိသိသာသာ
လေး တွန့်​​ကွေးသွားခဲ့သည်​ ။

ခါတိုင်းစား​နေ​ကျဖြစ်​​သော မနက်​စာစာဖြစ်​သည့်​ ထမင်းနှင့်​ဟင်းအစား
ပထမဆုံးအစားထိုး၍စားမိတဲ့မနက်​စာက​တော့ ​ပေါင်​မုန့်​ယိုသုပ်​နှင့်​ပဲနို့
လေးတစ်​​ဗူးသာ ။


...............

" အားကျန့်​ "

ကျောင်းဝန်းထဲ​ရောက်​သည်​နှင့်​ ​ကြားလိုက်​ရတဲ့​ ​နောက်​​ကျော
ဘက်​မှ​ခေါ်သံ​ကြောင့်​ ​ရှောင်းကျန့်​အ​နောက်​ဘက်​သို့ သမင်
လည်​ပြန်​​လေး လှည့်​ကြည့်​မိလိုက်​​တော့ ..

|| 100 DAYS BOYFRIEND || Where stories live. Discover now