Cʜᴀᴘᴛᴇʀ《13》

3.3K 502 20
                                    

မှောင်​မိုက်​သော ညတစ်​ည ။ ခန့်​မှန်း နာရီအချိန်​မှာ ည(၉)နာရီ
ဝန်းကျင်​​​လောက်​ရှိပုံရသည်​ ။

လူသူပျက်​ကာ ကားသွားခြင်း​ ပျက်​​တောက်​​နေ​သော ကားလမ်းမ
ထက်​ရှိ ​မှောက်​ရက်​အ​နေအထားနဲ့​မှောက်​​နေ​သော ကားတစ်​စီး ။

ထိုကား​ထဲရှိ​ အမျိုးသမီးတစ်​ဦးနဲ့ အမျိုးသားတစ်​သားတစ်​ဦးတို့မှာ
ကိုယ်​စီိဒဏ်​ရာများဖြင့် ကားထဲ ​ပိတ်​​လှောင်​​​မိ​နေသည်​ ။

ဓာတ်​ဆီထည့်​ရာအ​ပေါက်​​မှာ ဓာတ်​ဆီတို့ တစိမ့်​စိမ့်​ယိုထွက်​လာရာမှ​ ​နောက်​ဆုံး ထ​ပေါက်​ကွဲသွားခဲ့​သော မီးတဟုန်​ဟုန်​​ ​တောက်​​လောင်
နေတဲ့ ကားတစ်​စီးရဲ့ မလှမ်းမကမ်းတွင်​ မုန်​လာဥ အရုပ်​​လေးကို
ပွေ့ဖက်​ထားကာ ရှိုက်​ကြီးတငင်​ ငို​နေတဲ့ က​လေးငယ်​ တစ်​ဦး ။

( အဟင့်​ မဖြစ်​ရဘူး မားမား ပါးပါး ထွက်​လာခဲ့ ကားထဲက အမြန်
ထွက်​လာခဲ့လို့ ​ရှောင်း​ရှောင်း ​ပြော​နေတယ်​​လေ ထွက်​လာခဲ့လို့
အဟင့်​ ဟင့်​ မားမား ပါးပါး ... ထွက်​လာခဲ့လို့ ! ! မားမား ပါးပါးးးး )

" ထွက်​လာခဲ့လို့ ! ! ! ! ! "

ရုတ်​တရက် အိပ်​မက်​ဆိုးက​နေ လန့်​နိုးပြီး ရုတ်​တရက် ထ​အော်​လိုက်
တဲ့ ​ရှောင်းကျန့်​​ကြောင့်​ ​ကျောက်​ချန်​ ​မောင်း​နေတဲ့ကားကို စက်​အရှိန်
သက်​ကာ လမ်း​ဘေးသို့ ထိုးရပ်​လိုက်​မိသည်​ ။

" အားကျန့်​ အဆင်​​ပြေရဲ့လား "

အရင်​လိုပါပဲ ။ ​ချွေးသီး​ချွေး​ပေါက်​​တွေနဲ့ အိပ်​မက်​ဆိုးက​နေ
ထိတ်​လန့်​ ​ကြောက်​ရွံ့မှု​တွေနဲ့အတူ ​ရှောင်းကျန့်​ လန့်​နိုးလာခဲ့
ပြန်​သည်​ ။

" အားကျန့်​ . . အားကျန့်​ . . အားကျန့်​ "

" ဟင်​ ! "

အိပ်​မက်​ဆိုးက​ လန့်​နိုးတိုင်း အမြဲလိုလို အသိစိတ်လွတ်ပြီး ​​​ငေါင်​​နေ
မိ​တတ်​သော ​ရှောင်းကျန့်​ ။ သူ့ပခုံး​လေးကို လှုပ်​ခါပြီး သုံး ၊ ​လေးခါ
လောက်​​ ​ကျောက်​ချန်​ ဆင့်​​ခေါ်လိုက်​မှ အသိပြန်​လာခဲ့သည်​ ။

|| 100 DAYS BOYFRIEND || Tempat cerita menjadi hidup. Temukan sekarang