Cʜᴀᴘᴛᴇʀ《2》

7.5K 992 38
                                    

" ကို ချစ်​ကို ဒီအရုပ်​လေးနဲ့ ​ဓာတ်​ပုံရိုက်​​ပေး "

ကစားကွင်းထဲတွင်​ က​​လေး​တွေကို​ ကပြနေ​သော ပန်ဒါ​ဝက်​ဝံရုပ်​နဲ့
တွဲ၍ ဓာတ်​ပုံရိုက်​ခိုင်း​နေ​သော ချစ်​သူ​လေးဆီသို့စိတ်​မ​ရောက်​ ။

ကိုယ်နဲ့ ​မလှမ်းမကမ်း အကွာအ​ဝေးတွင် ​​​​မြင်​​နေရ​သော အရိပ်
ကောင်း​​​ကောင်း ​​သစ်​ပင်​ကြီး​အောက်​တွင်​ရှိ​သော ခုံတန်းလျား
လေးတွင်​ ကော်​ဖီ​အေး​လေးတစ်​ဘူးနဲ့ ထိုင်​ပြီး ဟိုကြည့်​ဒီကြည့်
ကြည့်​ရင်း နှုတ်​ခမ်း​လေးဆူ​နေ​သော ကျန့်ေ​ကာဆီသို့သာ စိတ်
ရောက်​​နေမိတဲ့ ကျွန်​​တော်​ ။

တကယ်​ကို ဘာဖြစ်​လို့ ဘာဖြစ်​​နေမှန်းမသိ ။

မ​နေ့ကသူဖွင့်​​ပြောလိုက်​တဲ့အချိန်​ကစပြီး သိသိသာသာ ​​ပြောင်းလဲ
သလိုလို ခံစားလိုက်​ရတဲ့ နှလုံးသား ။ 

ယောက်ျား​လေးတစ်​​ယောက်​မှ ကိုယ့်​ကို ချစ်ခွင့်ပန်တာကို ​​​တစ်​ခါမှ
မကြုံဖူးလို့ဖြစ်​တာ​နေမှာပါလို့ ။ အမှုမဲ့အမှတ်​မဲ့ မှတ်​ယူလိုက်​​သော်
လည်း . . .

လက်​​တွေ့​စိတ်ထဲဝယ် ​​ထိုကဲ့သို့မခံစားရပဲမူမမှန်​​သော ထူးထူးခြားခြား
အမည်မသိတဲ့ခံစား​ချက်ကြီး​နေမိသည်​မှာ လူကို သွက်​သွက်​ခါ​အောင်
ရူးသွပ်​သွား​စေနိုင်​​သည် ​။

" ကို . . . ကို . . . ကို​လို့ "

" ဟင်​ "

" ဘယ်ေ​တွလိုက်ကြည့်ပြီး ​​ဘာ​တွေ​တွေး​နေတာလဲ ဒီမှာ ချစ်​​ စကား
ပြော​နေတာကို​ရော ကို ကြားရဲ့လား! "

ဤ​မျှ​လောက်​ထိ ဘာဆိုဘာမှသတိမထားမိ​လောက်​​အောင်​ အ​တွေး
ထဲ စိုးမိုးသွားတဲ့ ကျန့်​​ကော ။

လူတစ်​​ယောက်​ရဲ့ စိတ်​ကိုဖမ်းစားနိုင်​သည်​မှာ အမှန်​တကယ်​ပင်
ပါရမီပါ​ပေလွန်းသည်​ ။

" ကို "

နားစည်​သို့အဖျားခတ်​လာ​သော ချစ်​သူ​လေး စကားသံအဆုံး​ 
ယောင်​တိ​​ယောင်​​တောင်​ဖြင့်​ နှုတ်​မှ ' ဟင်​ 'ဆို​သော အာ​မေဋိတ်
အသံ တစ်​သံအား နှုတ်မှ လွတ်ခနဲ ​​ထွက်​လိုက်​​မိ​သော ကျွန်​​တော် ။

|| 100 DAYS BOYFRIEND || Donde viven las historias. Descúbrelo ahora