Cʜᴀᴘᴛᴇʀ《24》

563 57 9
                                    

" ကျွန်မရဲ့ မွေးနေ့ပွဲကို အခုလိုလာရောက်ပြီး ဆုမွန်ကောင်းတောင်းပေးကြတဲ့ ကျွန်မရဲ့ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းနဲ့ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို ကျေးဇူးတင်ပါတယ် ဒီနေ့ဟာ ကျွန်မရဲ့မွေးနေ့ဖြစ်တဲ့အပြင် ကျွန်မတို့ဝမ်မိသားစုရဲ့ အရမ်းကိုအရေးကြီးတဲ့ နေ့ထူးနေ့မြတ်တစ်ရက်လည်းဖြစ်ပါတယ် အဲ့ဒါက
ဘာလဲဆိုတော့ တစ်ခြားတော့မဟုတ်ပါဘူး ကျွန်မတို့ဝမ်မိသားစုဟာ တစ်ခြားကျွန်မတို့နဲ့အဆင့်အတန်းချင်းတူတဲ့ မိသားစုတစ်စုဖြစ်တဲ့ လီမိသားစုက သမီးလေးလီဆိုယွန်းနဲ့ ကျွန်မတို့ရဲ့သားငယ်လေး ဝမ်ရိပေါ်တို့ကို နှစ်ဖက်မိဘများမှ နှစ်ဦးသဘောတူစေ့စပ်ပေးပြီး နှစ်အိမ်တစ်အိမ်အဖြစ်ပေါင်းစည်းကြတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ် "

ခလွမ်းခနဲ လွှတ်ကျသွားခဲ့သော လက်ထဲကရှန်ပိန်ခွက်လေး ။ ပြာပြာတလဲလဲနဲ့ သူ့ကို လှမ်းကြည့်လာသောချစ်သူကောင်လေးကိုသာ ရှောင်းကျန့်အံ့သြခြင်းများစွာဖြင့် စိုက်ကြည့်ရင်းဆွံ့အနေသည် ။

" ဒါက ..  ဒါကဘယ်လိုဖြစ်တာလဲ "

သူ့ကိုလှည့်ကြည့်ပြီးတအံ့တသြနှင့်ဆိုနေသောအစ်မဖြစ်သူအားရိပေါ်အကြောင်းမပြန်နိုင် ။ သူနှင့်မလှမ်းမကမ်းတွင်ရှိနေသောချစ်သူကိုသာရိပေါ်အရလှမ်းကြည့်ရင်း လက်ရှိအခြေအနေကို​အမြန်ဖြေရှင်းရန်စဥ်းစားနေသည် ။

မျက်ရည်ဝဲနေသောချစ်သူမျက်ဝန်းတို့ကိုတွေ့ရလေလေ သူ့ရင်တွေနာကျင်ရလေလေမို့ လက်ထဲကရှန်ပိန်ခွက်လေးကို အစ်မလက်ထဲထည့်ပေးပြီးရိပေါ်သူ့အမေအနားသို့လျှောက်သွားခဲ့သည် ။ မျက်နှာဟန်တစ်ချက်ပျက်သွားခြင်းမရှိ အမေ့လက်ထဲကမိုက်ခ်လေးကိုလွဲယူရင်း အပြုံးမပျက်ပဲ ဆိုလိုက်သည် ။

" ဒီကလူကြီးမင်းအားလုံးပဲ မင်္ဂလာပါ .. ကျွန်တော်ဝမ်ရိပေါ်ကဒီနေ့မှာအားလုံးကို တရားဝင်အသိပေးကြော်ငြာချင်တဲ့ အကြောင်းတစ်ခုရှိပါတယ် အဲ့ဒါကတော့ တစ်ခြားမဟုတ်ပါဘူး အခုလေးတင် ကျွန်တော့်အမေပြောပြသွားတဲ့ ကျွန်တော့်အမေ့ရဲ့တစ်ဖက်သတ်ဆန်ဆန်တစ်ယောက်တည်းစီစဥ်ထားတဲ့ဒီစေ့စပ်ပွဲကို ကျွန်တော်ဝမ်ရိပေါ်ကလက်မခံနိုင်ပါဘူးဆိုတာပါပဲ ပြီးတော့ ကျွန်တော့်မှာချစ်သူရှိပါတယ် ဒီဘဝမှာကျွန်တော်လက်ထပ်မယ့်သူကကျွန်တော်သိပ်ချစ်ရတဲ့ကျွန်တော်ချစ်သူတစ်ယောက်တည်းသာဖြစ်ပါတယ်  အားလုံးကိုကျေးဇူးတင်ပါတယ် ပျော်ရွှင်စရာညချမ်းအချိန်အခါလေးဖြစ်ပါစေ "

|| 100 DAYS BOYFRIEND || Dove le storie prendono vita. Scoprilo ora