Cʜᴀᴘᴛᴇʀ《12》

3.4K 462 16
                                    

" ဟင့်​အင်း ! ! "

ရေဘက်​တိုက်​​ပေး​နေရာက​နေ ရုတ်​တရက် လန့်​နိုးလာတဲ့ ကျန့်​​ကော ။

မျက်​နှာတစ်​ခုလုံးမှာလည်း​ ချွေး​​​အေး​တွေ ထွက်​လို့ ကြည့်​ရတာ
ထုံးစံအတိုင်း မက်​​နေကျ အိပ်​မက်​ဆိုး​တွေ မက်​ပြန်​ပြီ ထင်​တယ်​ ။

" ကျန့်​​ကော ... ကျန့်​​ကော ... ကျန့်​​ကော ... ကျန့်​​ကော
ကျန့်​​ကော ! ! "

" ဟင်​ ! "

ထပ်​ခါ ထပ်​ခါ ​နာမည်​ခေါ်​သော်​လည်း ကြားခြင်းမရှိ ။

ငုတ်​တုတ်​ထိုင်​​ပြီး ငေါင်​​နေ​တာ​ကြောင့်​ ပခုံး​လေးကို ကိုင်​ပြီး လှုပ်​ခါ
ရမ်းကာ ခေါ်လိုက်​​တော့မှ အသိပြန်​ကပ်​ကာ လူကို ပြန်​စိုက်​ကြည့်​လာ
လေရဲ့ ။

ချွေးသီး​ချွေး​ပေါက်​​တွေ သီး​နေ​သော ညှိုးနွမ်း​နေတဲ့ ကျန့်​​ကော
မျက်​နှာ​လေးသည်​ ။ အ​အေးမိပြီး ဖျားတဲ့ အရှိန်​နဲ့ အိပ်​မက်​ဆိုး
ဒဏ်​နဲ့​ ​ရောပြီး ပင်​ပန်း​နေတယ်​လို့ ​​ပြောပြ​လို့​နေ ။

" အဆင်​​ပြေရဲ့လား ​"

အတက်​နိုင်​တုံး နူးနူးညံ့ညံ့​လေး​မေးလိုက်​​တော့ ရင်​ခွင်​ထဲ ​ခေါင်း​လေး
နဲ့ တိုး​ဝှေ့ပြီး ဝင်​လာတဲ့ ကိုယ်​လုံးငယ်​​လေးကို ကျွန်​​တော်​ ညင်​သာ​စွာ
ပြန်​​ထွေးဖက်​ထား​မိသည်​ ။

ကျွန်​​တော်​ သိတဲ့ ကျန့်​​ကောဆိုတာ ဒါ​ပဲ​လေ ။ 

နေမ​ကောင်းဖြစ်​တိုင်း အနားမှာရှိတဲ့ လူတစ်​​ယောက်​​ယောက်​ကို
ကလေး​လေးလို ချွဲတတ်​တဲ့ ရင့်​ကျက်​ချင်​​ယောင်​​ ဟန်​ဆောင်​​နေတဲ့
က​လေးဆိုး​လေး ။

က​လေးဆိုး​လေး အခုလို အ​အေးမိပြီး ဖျားသွား​ရတာကလည်း
ကျွန်​​တော်နဲ့ မကင်းရာ မကင်း​ကြောင်း​ပေ ။

ညတုန်းကကမ်း​ခြေတွင်​ သဲ​သောင်​ပြင်​၌ လဲ​လျောင်းပြီး ကျန့်​​ကောကို
ဖက်​ထားရင်း ​ကြယ်​​တွေ ကြည့်​ရာမှာ ​နေ့လယ်တုန်းက ​​လေ့ကျင့်​​ရေး
ဆင်းထားရလို့ ပင်ပန်းပြီး အိပ်​​ပျော်​သွားတဲ့ ​​ကျွန်​​တော့်​ကို တစ်​ချက်
လေး​တောင်​ မနိုးပဲ ကျွန်​​တော်​ ပြန်​နိုးလာမယ့်​အချိန်​ထိ စိတ်​ရှည်​ရှည်နဲ့
ကျန့်​​ကော စောင့်​​ပေးခဲ့တာ​ကြောင့်​ ​​လေစိမ်း​တွေအတိုက်​ခံရပြီး
အ​အေးမိသွားခြင်းပင်​ ဖြစ်​သည်​ ။

|| 100 DAYS BOYFRIEND || Donde viven las historias. Descúbrelo ahora