Extra Part-1

11.7K 1.3K 39
                                    

" သားရေ ... အသင့်ဖြစ်ရင် မားတို့သွားကြစို့ ၊ သားကြီးလည်း အသင့်ဖြစ်နေပြီပြောတယ် "

" ဟုတ်ကဲ့ မား "

ရင်တွေခုန်လွန်းလှသည် ။ ဘယ်လောက်တောင်လဲဆို ခြေဖျားလက်ဖျားတွေအေးစက်လာတဲ့ထိပဲ ။

ဟုတ်သည် ။ ဒီနေ့ ဝမ်ရိပေါ်ဆိုတဲ့ကောင်ငယ်လေးက သူချစ်ရတဲ့ကိုကိုနဲ့ တရားဝင်လပ်ထပ်မဲ့နေ့ပဲ ဖြစ်သည် ။ ရိပေါ် ညကလဲ စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်ခဲ့ဘူး ။

သူတို့ကအခု မီလန်မှာဖြစ်သည် ။ တရုတ်ပြည်မှာ လိင်တူလပ်ထပ်ခြင်းကို ခွင့်မပြုထားသည်မို့ သူတို့သည် တရားဝင်ခွင့်ပြထားသည့် မီလန်မြို့မှာ လပ်ထပ်ပွဲကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါသည် ။

ကိုကိုက အစကတော့ လက်မခံချင်ဘူး ။ တရားဝက်လက်ထပ်ရမှ သူတို့နှစ်ယောက်အချစ်က ခိုင်မြဲတာမှမဟုတ်တာ ။ ဒီအတိုင်းလေးပဲ စာချုပ်မှာလက်မှတ်ထိုးရုံနှင့်ရတယ်ဟု ပြောခဲ့သည် ။ သို့သော် ရိပေါ်က ထိုအဆိုကိုငြင်းပါသည် ။ စာချုပ်ပေါ်လက်မှတ်ရှိရုံလောက်နဲ့ သူကမတင်းတိမ်နိုင် ။ ဖာသာရှေ့မှာ နှစ်ဖက်မိဘတွေရှေ့မှာ ကိုကို့ကို တရားဝင်လက်ထပ်ချင်သည် ။ ထိုကြောင့်ပင် ယခုလိုမီလန်မှာ လုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ် ။

ရိပေါ်က ဘောင်းဘီအဖြူ ကုတ်အဖြူနဲ့ တော်ဝင်မင်းသားလေးတစ်ယောက်လိုပဲ စွတ်စွတ်ဖြူကာ ချောမောလျက်ရှိသည် ။ အစက သူနဲ့ကိုကိုက ယောက်ျားလေးတွေပဲ အခန်းတူတူပြင်လဲရတယ်ပြောပေမဲ့ လူကြီးတွေကလက်မခံ ။ လက်ထပ်ခါနီး အတူမတွေ့ရဘူးတဲ့ ။ ဘယ်ကကောက်နုတ်ချက်တွေမှန်းမသိပေမဲ့ ထားပါလေ ဒီလူကို မကြာခင်မှာကိုယ်ကပိုင်ဆိုင်ရတော့မှာပဲကို ။

အသက်ကိုခပ်ဝဝရှုလျက် ရိပေါ် ထိုင်နေရာကနေ ထရပ်လိုက်တယ် ။ အခန်းပေါက်ဝနားလျှောက်လာတော့ မာမားက သူ့ကိုကြည့်ကာပြုံးသည် ။ ထို့နောက် မျက်ဝန်းမှာလဲ မျက်ရည်တွေဝိုင်းလို့ ။

" မာမားသားလေးတောင် အိမ်ထောင်သည်လေး ဖြစ်တော့မှာပဲ "

မာမားက ရိပေါ်ပါးကို နူးနူးညံ့ညံ့လေးအုပ်ကိုင်ကာဆိုတော့ ရိပေါ် အတန်ကြာသည်အထိ သူ့ပါးလေးကိုအပ်ထားမိသည် ။ မိခင်တစ်ယောက်ရဲ့ ကြည်နူးစွာဖြစ်တည်လာတဲ့ မျက်ရည်တွေက သိပ်ကိုလှနေတော့တာ ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Hikayelerin yaşadığı yer. Şimdi keşfedin