ရိပေါ်ဟာ ကုမ္ပဏီရဲ့ ဒုတိယထပ်မှာ လက်ရန်းကိုလက်ထောက်ထားလျက် လက်ထဲကကော်ဖီကို ငုံ့သောက်လိုက်တယ် ။ ခါးသက်သက်ကော်ဖီအရသာက လည်ချောင်းထဲစီးဝင်သွားပေမဲ့ ဒီအရသာကို သူသိပ်နှစ်ခြိုက်တယ် ။ ဘယ်တုန်းက ဒီခါးသက်သက်အရသာကို သူနှစ်သက်မိသွားတယ်မသိ ။ တစ်စုံတစ်ယောက်ရဲ့ green tea တွေ မသောက်ရတော့တဲ့အချိန်ကများလား ။
မနက်အစောမို့ ဝန်ထမ်းတွေက တစ်ယောက်ပြီးတစ်ယောက် ဝင်ချိန်ထွက်ချိန်နဲ့ တစ်စတစ်စ စကားတွေကြောင့် ဆူညံလာခဲ့သည် ။ ရိပေါ်ကတော့ ထိုနေရာမှာပဲ တိတ်ဆိတ်စွာရပ်ရင်း ကော်ဖီအသောက်မပျက်ခဲ့ ။
ကြည့်နေစဉ်မှာပဲ မျက်စိထဲဝင်လာသည်က အနွေးကုတ်အပြာနုရောင်ကို စမတ်ကျစွာဝတ်ကာ ကုမ္ပဏီထဲ အပြုံများနဲ့ဝင်လာသော လူတစ်ယောက် ။ သူ့လက်ထဲမှာကိုင်လာတဲ့ ဘူးလေးက green tea ဖြစ်မှာပဲ ။ ပြီးတော့ အဲ့ဘူးလေးက မကြာခင်မှာပဲ သူ့စားပွဲပေါ် ရောက်လာတော့မှာ ။ ဒါက နေ့စဉ်ကြုံနေကျ အရာတစ်ခု ။
" လောကမှာ အပင်ပန်းဆုံးအလုပ်က ဘာလဲသိလား "
သူ့ပုခုံးပေါ် ကျရောက်လာတဲ့လက်တစ်ဖက် ။ လှည့်ကြည့်စရာမလိုလောက်အောင် သူဘယ်သူလဲသိနေတော့ ရိပေါ် လှည့်မကြည့်ခဲ့ဘူး ။ သူ့မျက်လုံးတွေက အပြုံးတွေတောက်နေတဲ့ တစ်စုံတစ်ရာဆီမှာပဲ ရှိနေခဲ့တယ် ။
" ချစ်ရက်နဲ့ မချစ်ချင် ဟန်ဆောင်တာလေ "
ကျိုးချန်ရဲ့ စကားကိုကြားတော့ ရိပေါ် သူ့ကိုလှည့်ကြည့်မိလိုက်သည် ။ ကျိုးချန်ရဲ့ မျက်လုံးတွေကလဲ ရိပေါ် ကြည့်နေခဲ့တဲ့ သူတစ်ယောက်စီမှာပဲ ။ ပြီးတော့ ရိပေါ် ခပ်ဖွဖွပြုံးတယ် ။ ဒီအပြုံးတွေက ခန့်မှန်းရသိပ်ခက်တယ်လို့ ကျိုးချန်တွေးမိလိုက်၏ ။
" ကျွန်တော် သူ့ကိုမချစ်တော့ဘူးလို့ ဘယ်တုန်းကပြောမိလို့လဲ ချန်ကော "
ကျိုးချန်က ရိပေါ်ရဲ့ မျက်နှာကို တစ်စက္ကန့်မခြားဘဲ ကြည့်နေ၏ ။
" မင်းသိလား ကျိုးချန် .... သူက ငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပဲ "
ထိုစကားတွေ ပြောနေတဲ့အချိန် ရိပေါ်ရဲ့မျက်လုံးတွေဟာ အောက်မှာရပ်ပြီးစကားပြောနေတဲ့ ရှောင်းကျန့်ကိုပဲ စိုက်ကြည့်နေခဲ့တယ် ။
VOUS LISEZ
Fanfictionတူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ Wang YiBo × Xiao Zhan