Christmas မှာ ခရီးထွက်လို့ရအောင် အလုပ်တွေကို ကြိုတင်ဖျက်ထားချင်တဲ့ ရိပေါ်အကြံတို့ မအောင်မြင်ခဲ့ဘူး ။ နှစ်ကုန်ခါနီးမို့ စာရင်းအင်းတွေနဲ့ အလုပ်တွေက ခေါ်င်းပေါ် တစ်ပုံတစ်ပင် ။ ဝန်ထမ်းတွေတောင် ပိတ်ရက်ရှည်မရတာ ရိပေါ်လို ဒါရိုက်တာတစ်ယောက်က ပိုဆိုးသည် ။ အားလုံးကို ပစ်ချထားခဲ့လို့လဲ မရ ။
သူကဇွတ်ရချင်ရင်တောင် သူ့ကိုကိုက မရပေ ။
အဲ့တာ ဝမ်ကျိုးချန်မကောင်းလို့ ။ သူ့မှာဘဲမရှိတိုင်း အလုပ်တွေဇွတ်ခိုင်းတာ ။ မဆီမဆိုင် သူများကိုထည့်လို့ဆဲဖြစ်သေးတယ် ။
ဆိုတော့ ဒီနှစ် ခရစ်စမတ်လဲ ပေကျင်းမှာပဲပေါ့ ။ လွန်ခဲ့တဲ့နှစ်တွေနဲ့ မတူတာကတော့ ဒီနှစ်မှာ ခရစ်စမတ်ကိုတူတူကုန်ဆုံးဖို့ ကိုကို သူ့ဘေးနားမှာရှိနေခဲ့ပြီ ။ အရင်လို အထီးကျန်စွာ ဖြတ်သန်းစရာမလိုတော့ဘူး ။
အတွေးနဲ့ အိပ်ရာနိုးနိုးချင်းဘေးကို လက်နဲ့လှမ်းစမ်းတော့ အေးစက်စက်မွေ့ရာခင်းက ကြိုသည် ။ ကိုကိုက ရုံးပိတ်တာတောင် စောစောထတာပဲလား ။ အရင်ကတော့ ကိုကိုက သူတိုက်ခန်းမှာအိပ်ဖို့ခေါ်ရင် ငြင်းတတ်သည် ။ ရိပေါ် မိဘတွေအမြင်မှာ မသင့်တော်ဘူး ၊ ပတ်ဝန်းကျင်မှာ မသင့်တော်ဘူးနဲ့ ။ အခုတော့ သူ့စကားကို ဆက်ပြီးမငြင်းဆန်နိုင်တော့ဘူးထင်ရဲ့ ။ တစ်ပတ်မှာ ၃ရက်လာအိပ်တယ် ။ ကျန် ၄ရက်ကတော့ သူ့အိမ်ပေါ့ ။ ဘယ်ပြောကောင်းမလဲ ကျန် ၄ရက်ကို ရိပေါ်က ကိုကို့အိမ် သွားအိပ်တယ် ။ ဘာမှမထူးခြားဘူးမလား ။ ဟားး အဲ့လို ကိုကို့ကို ညစ်နေကျ ။
ကိုကိုကလေ တအားအသည်းနုတာပဲ ။ ရိပေါ်က သူ့ကိုယ်သူ မောင်ကလေ လို့ အစချီချွှဲပြလိုက်ရင် ကိုကိုက အကုန်လိုက်လျောပေးရော ။ အချစ်ခံရတဲ့ ဘဝကြီးက ပျော်စရာကောင်းတယ် ။
မပွင့်တပွင့်မျက်လုံးတွေကို အသာဖွင့်ဟတော့ ကိုကိုက ရေချိုးခန်းထဲကနေ အောက်ပိုင်းတဘတ်ပဲပတ်ထားပြီး ခေါင်းသုတ်လျက်ထွက်လာတာကို တွေ့သည် ။ ဒီလောက်အေးနေတာကိုဗျာ ။
" ကိုကို ! ဘာလို့အစောကြီး ရေချိုးရတာလဲ ဒီလောက်အေးနေတာကို ... အင်္ကျီအမြန်သွားဝတ် "
ANDA SEDANG MEMBACA
Fiksyen Peminatတူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ Wang YiBo × Xiao Zhan