ဒီနေ့ကပိတ်ရက်ဆိုပေမဲ့ အကျင့်ဖြစ်နေတာကြောင့် ရှောင်းကျန့် ခပ်စောစောပဲရှိသေး နိုးလာခဲ့သည် ။ ဒါတောင် ညကအိပ်ရာအစောဝင်ခဲ့တာလဲ မဟုတ်ဘဲကို ။ ညကဆိုမှ မနေ့ညက ရိပေါ်နဲ့သူ မြစ်ကမ်းဘေးမှာ အချိန်အတော်ကြာအတူရှိနေခဲ့တဲ့အကြောင်း တွေးမိပြီး ရှောင်းကျန့်ပြုံးမိရသေး ။
* ကျွန်တော် ခင်ဗျားကို ဘယ်တုန်းကမှမမေ့ခဲ့ဘူးထင်တယ် *
ဆိုတဲ့ ရိပေါ်ကိုစကားကို ရှောင်းကျန့်နားနဲ့ကိုယ်တိုင် ကြားခဲ့ရသည် ။ သူအိပ်နေပြီအထင်နဲ့ ဒီကောင်လေးပြောခဲ့သလားဆိုပေမဲ့ ရိပေါ်နဲ့အတူရှိနေချိန်တိုင်းကို ရှောင်းကျန့်က အိပ်ပြီးအချိန်ကုန်မယ်လို့များ ထင်နေသလားလေ ။
ဟင့်အင်း ။ တစ်စက္ကန့်ဆိုလဲ တစ်စက္ကန့် ၊ တစ်မိနစ်ဆိုလဲ တစ်မိနစ်က ရှောင်းကျန့်အတွက် သိပ်အရေးကြီးတာကို သူကအိပ်နေပါ့မလား ။ ဒါပေမဲ့လည်း အဆိုးထဲကအကောင်းပဲမလား ၊ သူ ရိပေါ်ရဲ့ စိတ်ကိုသေချာသိခဲ့ရပြီထင်သည် ။
ဒီကောင်လေး ရှက်သွားမှာစိုးတာကြောင့် သူချက်ချင်းမျက်လုံးမဖွင့်ခဲ့ပေမဲ့ တကယ်ပဲတစ်ခုခုထလုပ်ပစ်ချင်စိတ်ကိုတော့ သူဘယ်လောက်ထိန်းချုပ်ခဲ့ရလဲ သူသာသိတယ် ။ အခွင့်ရေးယူတိုင်းမကောင်းပေမဲ့ ယူချင်နေတာလဲ တစ်ဒုက္ခ ။
အရင်ကပိတ်ရက်တိုင်း ဘယ်လိုကုန်ဆုံးခဲ့လဲမစဉ်းစားချင်တော့ပေမဲ့ ဒီတစ်ခေါက်ပိတ်ရက်ကတော့ တကယ်ပျင်းစရာကောင်းတယ်လို့ ထင်မိသည် ။ အပေါင်းအသင်းနည်းသည့် ရှောင်းကျန့်မှာ ပိတ်ရက်ဆိုလုပ်စရာက အိမ်တွင်းအောင်ရုံအပြင်မရှိ ။
ဟိုကောင်လေးရော ပိတ်ရက်မှာ ဘာလုပ်နေမလဲ ?
ရိပေါ်အကြောင်းတွေးမိတဲ့နောက်မှာ ရှောင်းကျန့် ကုတင်ပေါ်ကနေ ကုန်းထလိုက်တယ် ။ အကြံရသွားသလိုပဲ ။ ရှောင်းကျန့် လူမိုက်လေးလို ပြီတီတီပြုံးပြီး ရေချိုးခန်းထဲဝင်လိုက်တယ် ။ ပျင်းစရာကောင်းတဲ့နေ့ရက်ကို ပျော်စရာလေးတွေ ဖန်တီးလို့ရပါတယ် ။ ဟိုး ဟိုး ။
ရေစိုနေတဲ့ ဆံပင်ကိုခြောက်အောင်သုတ် ၊ ဗီရိုအကန့်လေးထဲက လွတ်လပ်ပေါ့ပါးလောက်မယ်ထင်ရတဲ့ အဝါရောင်တီရှပ်လေးကို ခေါင်းကနေစွပ်ချရင်း ဂျင်းဘောင်းဘီပါ တစ်ခါတည်းလဲချလိုက်တယ် ။ ကုမ္ပဏီသွားတဲ့ရက်တိုင်း လှန်ဖြီးသင်ရတဲ့ဆံပင်တွေကို ဒီနေ့တော့ နဖူးပေါ်လွတ်လွတ်လပ်လပ်ချထားလိုက်တယ် ။
ESTÁS LEYENDO
Fanficတူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ Wang YiBo × Xiao Zhan