Part - 3

29.6K 3.1K 112
                                    

ဒီနေ့က ရှောင်းကျန့် ပထမဆုံး အလုပ်ဝင်ရမဲ့နေ့ဖြစ်သည် ။ ဒါကြောင့် သူအစောကြီးထကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်၍ အိမ်ကနေ ထွက်လာခဲ့သည် ။

မကြာခင်မှာ တွေ့ဆုံရတော့မဲ့ စစ်ပွဲ ။ သူ့ဘက်ကတော့ အချစ်စစ်ပွဲပေါ့ ။ မနေ့က ဒီအချစ်စစ်ပွဲကို သူ့ဘက်က စတင်ကြေငြာခဲ့ချိန်ကစလို့ ယခုအချိန်ထိ သူ့စိတ်တွေလန်းကာ ပျော်ရွှင်နေခဲ့သည် ။ ဒုတိယအကြိမ်အဖြစ် ဝမ်ရိပေါ်ရဲ့ နှလုံးသားကို သူတိုက်စစ်ဆင်ဖို့လဲ ယုံကြည်ချက်တွေ ရှိနေခဲ့သည် ။

ဘတ်စ်ကားဂိတ်မှာ စောင့်နေရတဲ့အချိန်တည်းက အခုလို ဘတ်စ်ကားပေါ်ရောက်တဲ့အချိန်အထိ သူ့နှုတ်ခမ်းတွေ စေ့မရခဲ့ဘူး ။ သူ့ရဲ့ ပထမဆုံးအလုပ်စတဲ့နေ့မို့ စိတ်လှုပ်ရှားသည် ။ အဓိကကတော့ ဝမ်ရိပေါ်နဲ့ တွေ့ဆုံရမှာကို သူရင်ခုန်သည် ။

ကြီးမားကျယ်ပြန့်လွန်းတဲ့ ကုမ္ပဏီရှေ့မှာရပ်ရင်း ရှောင်းကျန့် အသက်ပြင်းပြင်းရှုလိုက်တယ် ။ သူ့မှာ လှုပ်ရှားနေတဲ့ စိတ်တခုပဲရှိတယ် ။ အရင်လို သိမ်ငယ်တာတွေ မဖြစ်တော့ဘူး ။

ရှောင်းကျန့် ဓာတ်လှေကားရှေ့ရပ်နေရင်း ခလုတ်ကိုနှိပ်လိုက်သည် ။ ခလုတ်မှာ ကားပါကင်ကနေ အပေါ်ကို တက်လာပုံရသည်ကြောင့် မျှားကအပေါ်ကိုပြနေသည် ။ အကြာကြီးမစောင့်ရတော့ပါဘူး တစ်ထပ်လေး . လေး . .

ပွင့်သွားတဲ့ တံခါးချပ်နှင့်အတူ အရှေ့ဆုံးမှ ဝမ်ရိပေါ်၏ တည်နေသော မျက်နှာအားဦးဆုံးမြင်လိုက်ရသည် ။ ရှောင်းကျန့်ရင်တွေလှိုက်သွားကာ ခေါင်းငုံ့လျက်နှုတ်ခမ်းပါးတွေ မသိမသာတွန့်ကွေးသွားသည် ။

" မလိုက်နဲ့ "

အရှေ့ကိုလှမ်းနေတဲ့ ရှောင်းကျန့်ရဲ့ခြေတစ်စုံဟာ ခက်ထန်သောအသံတစ်လုအောက်မှာ ရပ်သွားရသည် ။ ရိပေါ်ရဲ့ အနောက်မှ ကျန်ဝန်ထမ်းတွေကလဲ ထိုခက်ထန်သည့်အသံကြောင့် တုန်သွားတဲ့သူတွေတောင် ရှိ၏ ။

" ဟုတ်ကဲ့ "

ရှောင်းကျန့် ထိုနေရာတွင်ပင် ခြေစုံရပ်ကာ ပြုံးပြလိုက်သည် ။ ဝမ်ရိပေါ်ရဲ့ ဒီဇိုင်းဌာနမှာ ပထမဆုံးအလုပ်ဝင်ရတဲ့ကောင်လေးက ပထမနေ့မှာတင် ပညာပြခံလိုက်ရပြီဟူသော တီးတိုးစကားသံများနှင့် အကြည့်များကို ရှောင်းကျန့်မသိမသာ ကြားသိလိုက်ရသည် ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Tempat cerita menjadi hidup. Temukan sekarang