နှင်းကျနေတဲ့ထဲ အကြာကြီးနေလိုက်မိ၍ထင်သည် ရှောင်းကျန့် နှာတွေစီးလာကာ နှာတချေချေနဲ့ ။
" ဟတ်ချိုး "
ဘယ်နှစ်ခါမြောက်မှန်းမသိသော နှာချေမှုပြီးသည့်အခါ ရိပေါ်ဆီက သက်ပြင်းချသံနဲ့အတူ ခပ်မာမာအသံလေးထွက်လာ၏ ။
" အသက်ကကြီးနေပြီ ကျန်းမာရေးက ဂရုမစိုက်ဘူး ၊ ကလေးကလားနဲ့ နှင်းထဲဆော့စရာလား "
လောင်ဝမ် မင်းပဲငါ့ကို ဆော့ခိုင်းတာမဟုတ်ဘူးလားလို့ ရှောင်းကျန့်အထွန့်တက်လိုက်ချင်ပေမဲ့ မှုန်တည်နေသော ရိပေါ်မျက်နှာကြောင့် လည်ချောင်းထဲပြန်သွင်းလိုက်ရတယ် ။
ချီးထုပ်လေး ! တစ်ခါလာလဲ ဒီအသက် တစ်ခါလာလဲ ဒီအသက် ! ငါ့အသက်ပဲ လာလာမျက်စောင်းထိုးနေတယ် ။
" ဒီနေ့ ကုမ္ပဏီမလာနဲ့တော့ "
ရိပေါ်က ရှောင်းကျန့်တိုက်အောက်ရောက်တော့ ကားစက်သပ်ရင်း ပြောသည် ။
" ဟမ် ?! ဘာလို့လဲ "
" ခရီးပန်းလာတာ ဖျားနေရင် ငါ့အမှုပတ်မှာစိုးလို့ "
မဆိုင်လဲမဆိုင်ပဲနဲ့ !
" မရပါဘူး လာမှာပဲ ၊ ငါမှ မင်းမျက်နှာကို တစ်နေ့မတွေ့ရဘဲ မနေနိုင်တာ "
ရှောင်းကျန့် ခပ်တိုးတိုးပြောလိုက်တာပေမဲ့ အလုံပိတ်ကားထဲမှာတော့ စကားသံက တစ်ဖက်လူကြားရတဲ့အထိတော့ ကျယ်ကျယ်ထွက်လာသည် ။ ရိပေါ်က သူ့ကိုမျက်လုံးမှေးကျင်းကာ ကြည့်လာ၏ ။ အပိုတွေဟု မျက်လုံးတွေက ပြောချင်နေပုံပဲ ။
ရှောင်းကျန့် အိမ်ပေါ်ရောက်တော့ ၈နာရီထိုးနေပြီ ။ ၅နာရီတည်းက မာမားတို့ဆီကထွက်လာတာ ၂နာရီလောက်နဲ့ ရောက်တဲ့ခရီးက ရှောင်းကျန့် နှင်းတွေနဲ့ဆော့နေတာကြောင့် ရောက်ရမည့်အချိန်ထက် လင့်သွားခဲ့တယ် ။ တကယ်လဲ သူအနည်းငယ်ပင်ပန်းနေတာကြောင့် ထိုင်ခုံပေါ်ခနလှဲလိုက်သည် ။ ၅မိနစ်လောက်မှေးမယ်လုပ်ထာူကာမှ နာရီဝက်ဖြစ်သွားတော့ ရှောင်းကျန့် အခန်းထဲအမြန်ပြေး အဝတ်လဲရတော့သည် ။
မင်းတို့ကိုကြီး ဒီနေ့ရေမချိုးတော့ဘူး ။ ရာသီဥတုက အေးတယ် ပြီးတော့ဖျားလဲဖျားချင်နေတာ ။ အလုပ်သွားဖို့ နောက်လဲကျနေပြီဆိုတော့ .... ဒါကြောင့်ပါပဲ ။
ESTÁS LEYENDO
Fanfictionတူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ Wang YiBo × Xiao Zhan