Epi - 16

24.4K 2.9K 136
                                    

မာမားမွေးနေ့သွားရမှာ မနက်ဖြန်ပဲ ။ ရိပေါ်ကို ပြောထားပေမဲ့ သတိရောရပါ့မလားမသိဘူး ။ ရှောင်းကျန့် တဟီဟီးလုပ်ရင်း ဖုန်းကိုင်လိုက်တယ် ။ ရိပေါ်ဆီ မက်ဆေ့ပို့ပြီးပြောရမယ် ။ သူ့စကားဆို ရိပေါ်က မမေ့တတ်မှန်းသိပေမဲ့လည်းပေါ့ .... ။

📨 ရိပေါ်လေး ... မာမားတို့ဆီသွားရမှာ မနက်ဖြန်နော် မေ့နေမှာစိုးလို့ 📨

📨 ဘယ်လိုသွားကြမလဲဟင် ? ငါက ဘတ်စ်ကားစီးသွားလို့ရပေမဲ့ မင်းကငါတို့အိမ်မရောက်ဖူးတော့ သိမှာမဟုတ်ဘူးနော် 📨

📨 ဒါမဲ့ ဘတ်စ်ကားကလည်း ငါတို့နေတဲ့နေရာကို ရောက်ဖို့ ၃နာရီလောက်စီးရတယ် ၊ ငါက ကိစ္စမရှိပေမဲ့ မင်းကကားနဲ့ဆို အရင်စောရောက်နေမယ်ထင်တယ် 📨

📨 ကားကို ဖြည်းဖြည်းမောင်းနော် ... ရွာလမ်းဘက်ဆိုတော့ လမ်းနည်းနည်းကြမ်းတယ် ၊ ငါဆို ဘတ်စ်ကားစီးပြီးသွားလို့ အိမ်ရောက်ရင် ပင်ပန်းလို့ မလှုပ်နိုင်တော့ဘူး 📨

ရှောင်းကျန့် ပိုပိုသာသာလေး အိုက်တင်လုပ်၍ပို့လိုက်သည် ။ တစ်စုံတစ်ရာကို မျှော်လင့်ရင်းပေါ့ ။ ရိပေါ်က စာကိုတော့ဖတ်ပေမဲ့ reply မလာပြန်ဘူး ။ ဒါပေမဲ့လဲ ရှောင်းကျန့်က ရိပေါ်ကို အတွင်းကျကျသိသူအနေဖြင့် ရိပေါ် reply မပြန်လဲ ထပ်ပို့သည် ။

📨 ***** ကနေ တောက်လျှောက်မောင်းသွားပြီး **** ဘက်ရောက်တာနဲ့ ကွေ့လိုက် ။ လမ်းရဲ့အနောက်ဘက်မှာ ကမ်းခြေရှိတယ် အဲ့မှာပဲ ငါ့ကိုစောင့်နေနော် 📨

📨 မနက်လာခေါ်လိုက်မယ် အိမ်ကစောင့်နေ ! 📨

" Oh Yes !!! "

ရှောင်းကျန့် ကုတင်ပေါ်ထိုင်နေရင်း ရောက်လာတဲ့ မက်ဆေ့ကြောင့် လက်သီးဆုပ်လျက် Yess ဟုပင် ထခုန်လိုက်မိတယ် ။ ဝမ်ရိပေါ်ဟာ သိပ်ချစ်စရာကောင်းတယ် ။ ရှောင်းကျန့် အများကြီး ညည်းမပြရသေးဘူး ကောက်ကောက်ပါလာတော့တာပဲ ။

" မင်းကို ချစ်လို့ကိုမဝပါဘူးကွာ "

ရှောင်းကျန့် ဖုန်းလေးကိုကြည့်ပြီး ညည်းတွားလိုက်တယ် ။

📨 ရပါတယ် အားနာစရာကြီး ။ စောင့်နေမယ်နော် အဆင်သင့်လုပ်ထားလိုက်မယ် တူတူသွားကြမယ် ဟီးဟီး 📨

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now