Part - 15

27K 2.9K 118
                                        

" ဝမ်ရိပေါ် မသင်ဘူးနော် ! ငါလုံးဝမသင်ဘူး "

အနောက်ကနေ ရိပေါ် ပတ်လိုက်နေတာလဲ မဟုတ်ဘဲလည်း ရှောင်းကျန့်က အိမ်လေးပဲ ပတ်ပြေးနေတယ် ။ စက်ဘီးစီးသင်ပေးမယ်ပြောတာ မသိရင် ကျားရှေ့သွားခိုင်းနေသလိုပဲ အလန့်တကြားကို အကြောက်အကန်ငြင်းနေတော့တာ ။ ရိပေါ် ထိုင်ခုံပေါ်နောက်မှီထိုင်နေရင်း ရှောင်းကျန့်ကို ကြည့်နေလိုက်တယ် ။

သူ့ဘာသူ ဘယ်လောက်ပတ်ပြေးနေပါစေ ရိပေါ်ကတော့ ဒီနေ့မသင်ပေးရမချင်း တစ်ဖဝါးမှမခွာဘူးလို့ သံဓိဏ္ဏန်ချထားပုံပါပဲ ။ ဒါကိုသိတဲ့ ရှောင်းကျန့်က ပတ်ပြေးနေရာကနေ ရိပေါ်ရှေ့ကိုရောက်လာကာ မျက်နှာငယ်လေးလုပ်ပြသည် ။ ပြီးတော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ် ၊ နှုတ်ခမ်းလေး မသိမသာဆူဆူလာရင်း အစွမ်းကုန်ချွှဲတော့မလို ပြင်နေသည် ။

" ကျန့်ကော ဘယ်လိုလုပ်ပြလုပ်ပြ ကျွန်တော့စိတ်မပျော့သွားဘူးနော် "

ရိပေါ်ကတော့ လုံးဝလက်မလျှော့မဲ့ပုံမပေါ်ဘူး ။ ဘယ့်နှယ့်ဗျာ လူက တက္ကသိုလ်တောင်တက်နေပြီ အခုထိစက်ဘီးမစီးတတ်တာ ဖြစ်သင့်လား ။ ဟိုနားဒီနားလေး ဒိတ်လုပ်ချင်ရင်တောင် ကားကြီးတစ်ကားကားနဲ့ မောင်းနေရတာအဆင်မပြေဘူး ။

ရိပေါ်လဲ သူများတွေလို ခါးလေးဖက်ပြီး စက်ဘီးလေးစီးချင်တာပေါ့ ။ ဒါဆို မင်းစီးတတ်နေတာပဲ မင်းတင်နင်းပေါ့လို့ မပြောနဲ့ ! ရိပေါ် ကျန့်ကောကို တင်မနင်းနိုင်ဘူး ။ တခြားတော့မဟုတ်ဘူး ရိပေါ်ကငယ်သေးလို့ပါ အဟမ့် ! ဟုတ်တယ် ငယ်သေးလို့မနိုင်တာ ။ ရှောင်းကျန့်က ပိန်သာပိန်တာ ဝိတ်ရှိတယ်လေ ။

" ကော မသင်လို့မရဘူးလား ကလေးလေး "

" မရဘူး ! "

ရိပေါ်က နှုတ်ခမ်းဆူတူတူလေးလုပ်ပြနေတဲ့ ရှောင်းကျန့်ကို မျက်နှာလွှဲလိုက်တယ် ။ စက်ဘီးစီးမသင်ချင်လွန်းလို့ ပြာယာခတ်နေပုံက မျက်စိနောက်စရာကောင်းပေမဲ့ ကလေးတစ်ယောက်လို ဆူပုတ်ပြနေတာကတော့ ချစ်ဖို့ကောင်းလွန်းနေသည် ။ ကျန့်ကောကိုသာ အခုနေကြည့်မိရင် အရင်လိုပဲ သူစိတ်ပျော့သွားမှာ ။ ဒီတစ်ခါတော့ အလိုမလိုက်ဖို့ သူဆုံးဖြတ်ပြီးသား ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now