‼ Warning ‼
ဟိုတယ်ရဲ့ ဝရံတာတံခါးကိုဖွင့်လျက် ရှောင်းကျန့်က ညမီးရောင်အောက်မှာ လှနေတဲ့ မြို့ရဲ့မြင်ကွင်းကို ကြည့်နေတယ် ။ ရေချိုးပြီးကာစမို့ ဆောင်းအဝင်ကလေအေးနဲ့ မီလန်ရဲ့ရာသီဥတုက သိသိသာသာပဲ အေးလျက်ရှိသည် ။ သို့ပေမဲ့ ရှောင်းကျန့်က ရင်တွေခုန်ကာ စိတ်လှုပ်ရှားနေသည်မို့ အေးနေသည့် ခံစားချက်ကို အများကြီးမခံစားနိုင် ။
ဒီနေ့မှာပဲ သူနဲ့ မောင်နဲ့ တစ်ယောက်ဘဝ တစ်ယောက် ပေးကာအပ်နှံပြီးခဲ့ကြပြီ ။ ရှောင်းကျန့်က ရိပေါ်ကိုထားပြီး အိမ်ကထွက်လာခဲ့စဉ်အခါက သူ့ခေါင်းထဲ တစ်ခုသာရှိသည် ။ တစ်ချိန်မှာ ဒီကောင်လေးအနားပြန်လာနိုင်ပြီး သူနဲ့ပေါင်းစပ်ရလို့ ဒီကောင်လေး မျက်နှာမငယ်ဘဲ နေနိုင်တဲ့အထိ ဖြည့်စည်းပေးနိုင်ဖို့ပဲ ဖြစ်သည် ။
ဒီလိုစိတ်နဲ့ သူက ၄နှစ်လုံးလုံး ကြိုးစားခဲ့တာ ။ သူဝါသနာပါတဲ့ သင်တန်းတွေတက်တယ် ၊ ကြိုးစားပြီးလေ့လာတယ် ၊ ရိပေါ်ကို လွမ်းတဲ့အခါ အရင်ကအမှတ်တရတွေကို တွေးရင်း သူတို့မကြာခင်နီးစပ်ဖို့အတွက် တွေးရင်း သူ့ရဲ့ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့တာ ။ သူ့ကိုယ်သူ ငါသူ့ဘေးနား ဘယ်သူ့မျက်နှာမှမကြည့်ဘဲနေနိုင်တဲ့ သူဖြစ်အောင် အများကြီးကြိုးစားခဲ့ရတာ ။
တကယ်လဲ သူကြိုးစားတာ အရာမြောက်ခဲ့ပါတယ် ။ သူကဒီဇိုင်းဘက်မှာ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာပြီး ရိပေါ်ဆီကို ဒီဇိုင်နာဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုနဲ့ ပြန်လာနိုင်ခဲ့တယ် ။ ဒါပေမဲ့ သူ့အထင်ဟာလွဲပါတယ် ။ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက သူ့ရဲ့ဂုဏ်ပုဒ်ကို လိုအပ်တာမဟုတ်ဘဲ သူ့ကိုသာလိုအပ်ခဲ့တယ်ဆိုတာ ပြန်တွေ့တွေ့ချင်း ခါးခါးသီးသီးဖြစ်နေခဲ့တဲ့ ရိပေါ်ရဲ့အပြုအမူတွေကြောင့် ရှောင်းကျန့်ရင်တွေ အလဲလဲအကွဲကွဲပါပဲ ။
ဒါပေမဲ့ တစ်ဖက်မှာလဲ သူ့အပေါ်ထားတဲ့ ရိပေါ်ရဲ့အချစ်တွေက ကြီးမားလွန်းပါတယ် ။ ရှောင်းကျန့်တစ်ယောက်သာ သူ့ရင်ထဲတိုးဝင်နိုင်တာသိတော့ ရှောင်းကျန့်က မျက်နှာပြောင်လေးတိုက်ရင်း ဒီကောင်လေးဆီကို ဝင်လုံးတော့တာပါပဲ ။ ဟော ... ဒီအတွက် အကျိုးရလဒ်ကတော့ မြင်တဲ့အတိုင်းပါပဲ ခင်ဗျာ ။
![](https://img.wattpad.com/cover/197551875-288-k813716.jpg)
VOCÊ ESTÁ LENDO
Fanficတူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ Wang YiBo × Xiao Zhan