ဘ၀မှာ ဘာမှ ရေရေရာရာ မရှိခဲ့ပေမဲ့လည်း
မင်းနဲ့ မဝေးချင်တာကတော့
သေချာနေခဲ့ပါတယ်.....အချစ် မင်းနဲ့ လက်ချင်းချိတ်မိတဲ့အခါ
ရင်ထဲ အမည်မသိသော ခံစားချက်တစ်ခု
လှုပ်ခတ်သွားတိုင်း.....
မဝေးချင်တာ ပိုလို့ သေချာသွားမြဲဘာကြောင့်ပဲ ဖြစ်ဖြစ် မဆုံးရှုံးချင်ဘူး
ခွေးကြောက်တတ်တဲ့ ကိုယ့်ကိုကြည့်ရင်း
တိတ်တခိုး ရယ်တတ်တဲ့ မင်းကိုပေါ့....အချစ် မင်းရဲ့ ရယ်မောသံတွေကိုလေး
ကိုယ့်နာမည်နဲ့ တံဆိပ်ခတ်လို့
သိမ်းထားချင်မိပါရဲ့.....
လေဟာပြင်ထဲ ပျံ့နှံ ပျောက်ကွယ်သွားတဲ့အခါ
ကိုယ်တော့ နှမြောမိပါရဲ့ကွာ......ကိုယ်ပြောတဲ့ ဟာသလေးတွေကို
မရိုးတမ်း နားထောင်လို့ အမြဲ
သဘောကျပေးပါဦး
ဒါဟာ ကိုယ့်နှလုံးသားတစ်ခုလုံးကို
ခိုးသွားလို့ မင်းကို ပေးတဲ့ ပြစ်ဒဏ်အသစ်က ပြန်စလည်း မင်းနဲ့ပဲ စတင်မယ်
အချစ်တွေ မစစ်လည်း မင်းနဲ့ဆိုရင်ကို
အဆင်ပြေတယ်....
"လာပါ...အပြင်လေ အေးတယ်" ဆိုပြီး
ဂရုစိုက်တဲ့အခါ
ရင်ခွင်ထဲ အလိုက်တသိ ၀င်တိုးပေးပေါ့
မင်းမှ မသုံးရင် နွေးထွေးမှုတွေက
အလကား ဖြစ်သွားတော့မှာမို့......
ဒါပေမဲ့ သူက ဆိုးတယ်
"အဲ့လေ အေးတာလောက်နဲ့ မသေပါဘူး"တဲ့
ပြောပြီး အိပ်ခန်းထဲ ၀င်သွားလေတယ်စကားနာ ထိုးပါ
နောက်ပြီး အနားမှာပဲ နေပါ
ပေပြပါဦး သေရာပါအောင် မှတ်ထားမလို့....."သည်အခြေအနေကို
ခင်ဗျားကြီး လုပ်ယူထားတာလေး
ဘယ်တုန်းကမှ သဘောမတူခဲ့ဘူးနော်"
ထွက်မသွားရင်ကို ဖြစ်တာမို့
ခြေမွပစ်လိုက် နင်းချေပစ်လိုက် ခလေး...."မမျှော်လင့်နဲ့ သေတောင် ပြန်မချစ်ဘူးနော်" တဲ့
ဒေါသထွက်တိုင်း သည်လိုတွေ ပြောပြီး
ဝုန်းဒိုင်းကြဲတတ်တဲ့ မင်းကိုလေး
ကိုယ်က အနုပညာတစ်ခုလို
သဘောထားတာ... အမြဲ အမြတ်တနိုးပါပဲတစ်ရေးနိုး ကိုယ့်နား မင်းရှိနေရုံနဲ့တင်
ဖူလုံတယ်.....ကိုယ်ကပဲ အများကြီး ချစ်သွားမယ်လေး
သည်လိုဆို အဆင်ပြေသွားတယ် မဟုတ်လား
မင်းရဲ့ အိပ်မက်တွေထဲ မပါနိုင်တာကတော့
၀မ်းနည်းစရာပေါ့
ဒါပေမဲ့လည်း အဆင်ပြေပါတယ်
YOU ARE READING
PSYCHO
Poetryတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...