သုခ ဆိုတာက
Chu ထပ်ခါခါ ရှုံးရတဲ့ သူ့ အပြုံးတွေကို
ဖန်တီးခွင့် ရတာပဲပေါ့..."ပျော်ရွှင်မှု တစ်ခုတည်း မျှဝေခံစားမှာ
မဟုတ်လို့ ဂရုစိုက်စေချင်တယ် Jen
ပျော်အတူ ငိုအတူ ထိခိုက်လို့ Jen နာသွားရင်
Chu က ထိပ်ဆုံးက နာမဲ့လူ""သိပ်ဆိုးနေရင်ရော ချစ်ဦးမှာလား Chu"
"သြော် မေးတတ်တယ်
Jen နဲ့ဆို Chu က မြွေစွယ်ကျိုးပဲလေး""သေဆုံးသည်ထိ ပန်းတစ်ပွင့်ကိုသာ
ပျိုးသွားမယ်....ကတိတွေ ရိုက်ချိုးလေ့ မရှိတာ
Jen လည်း သိတာပဲ.....""ရယ်ပါဦး...သည်မှာ ကူရာမဲ့နေလို့
ရှင်သန်ဖို့အတွက် Jenရဲ့ ရယ်သံလိုတယ်.....""Chu လက်မောင်းပေါ်အိပ်ရတာ သိပ်ကောင်းလို့
အရင်ရက်တွေကို ပြန်နှမြောမိတဲ့အထိပဲ
အရှိကို အရှိတိုင်း ၀န်ခံရရင်
ခြိမ်းခြောက်တဲ့နေ့ကစလို့ Chuကို
သဘောကျခဲ့တာ
ဒါပေမဲ့ မညင်သာခဲ့တော့ ဒေါသထွက်တယ်ကြောက်ကြောက်နဲ့ ရိုက်ခွဲခဲ့တဲ့ ပစ္စည်းတွေကြား
ရှမယ် ထိမယ် နာမယ် နဲ့ စိတ်ပူပေးတဲ့ Chu အနာတရနဲ့ အိမ်ပြန်လာမှာကို
Jen ကြောက်တယ်""နေပါဦး Jen ....
မင်း ကိုယ့်ကို ကြောက်ခဲ့တယ်ပေါ့""သေနတ်နဲ့ အကျွမ်းတ၀င်ရှိနေတဲ့
လူတစ်ယောက်ကို မကြောက်ဘူး ဆိုတာ
ယုတ္တိရှိလို့လား Chu""ကိုယ် ဘယ်တုန်းကမှ စိတ်မခုခဲ့ဖူးဘူး Jen
ပစ္စည်းတွေ ရိုက်ခွဲရုံမက တစ်အိမ်လုံး
ပြာချခဲ့မယ်ဆိုရင်တောင် Jenကို
အပြစ်မမြင်ပါဘူးမညင်သာခဲ့လို့ တောင်းပန်ပါတယ် "
"လိုချင်တာ ရအောင်ယူဖို့ပဲ အသိရှိတယ်
ညင်သာရမယ် လို့ ကိုယ့်ကို
ဘယ်သူကမှ သင်မပေးခဲ့ဘူးလေး""ရှေ့လျှောက် ညင်သာပါ့မယ်
ထားမသွားပါနဲ့နော် Jen""အပြစ်တင်နေတာ မဟုတ်ပါဘူး
ဘယ်လို အတွေးတွေ ရှိခဲ့ပါတယ် ဆိုပြီး
ပြောပြချင်ရုံပါ
Jen နားလည်ပါတယ်
ဘ၀က သိပ်ခါးခဲ့တယ် မဟုတ်လား Chu""Jen က Chuနဲ့အတူ ရူးမိုက်ဖို့ အသင့်ပါပဲ
သည်လောက်လေးနဲ့ ရှိုက်နေရင်
Jenကို ကာကွယ်ပေးမယ်ဆိုတာ
ယုံရခက်တယ်နော်""တွယ်ငြိမိတဲ့ Chuရဲ့ ကြိုးလေးမို့
အဖြစ်သည်းတာ
သိပ်ချစ်တာ သိရဲ့လား Jen ""Jen ရှိခြင်း နဲ့ မရှိခြင်းက Chuအတွက်
ကမ္ဘာတည်ခြင်း နဲ့ ပျက်ခြင်း ရဲ့ ပြယုဂ်ပဲ""ဘယ်လို ချပြရမယ် မသိပေမဲ့
တစ်ချက်ကလေးတောင် အရှမခံနိုင်ဘူး
သိလား Jen""ဒါ လူတော်တော်များများ ပြောနေကြတဲ့
အချစ်ခံရခြင်းတွေ ဖြစ်မယ် Chu"
Zann
YOU ARE READING
PSYCHO
Poetryတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...