"မောနင်း Chu"
"အမှတ်ရစရာတွေ မလုပ်ပါနဲ့ လား Jen
အရင်အတိုင်းတောင် လက်လွှတ်ဖို့ ကိုယ့်အတွက်
မလွယ်ခဲ့တာ ထပ်ပြီး တွယ်တာအောင်
မလုပ်ပါနဲ့""လှောင်အိမ်ထဲမှာ ပျော်တဲ့ ဌက်ဆိုတာ ရှိလား
မရှိလည်း Jennieဆိုတဲ့ ဌက်ကလေးကတော့ လှောင်အိမ်ကြီးထဲ ပျော်နေပြီ Chu""ရယ်စရာတွေ ပြောနေပြန်ပြီ ပြန်မလာလည်း
Jenကိုရော Jenမိဘတွေကိုရော
ဘာမှ မလုပ်ပါဘူး ကိုယ် ကတိပေးပါတယ်""ရှူး Chu"
"ဘာလို့ မကြားတာလဲ Jenရဲ့ ရင်ခုန်ံသံတွေ
တိုးနေသေးလို့လား "" Chuသာအနားရှိရင် မိုးမြေအဆုံးထိ
ခြေဆန့်ရဲတယ်
ဆိုလိုတာကို သဘောပေါက်ရဲ့လား Chu?""Jenရဲ့ "ဘယ်တော့မှ" က
သိပ်ကို တိုလွန်းသွားတယ် Chuရာ
ကိုယ့်ကိုယ့်ကိုယ် အားမရလိုက်တာ ""လာတော့လေး ခလေးရဲ့ ရင်ခွင်ထဲ၀င်ဖို့
ဖိတ်ရဦးမှာလား? ""သည်အချိန်လေးကို ပိုင်ဆိုင်ခွင့်ပေးတဲ့ ဘုရားသခင်ကို Chu ကျေးဇူးတင်လိုက်တာ"
"အရူးက တစ်မူးသာတာပဲ
ဒါနဲ့ Chuက လူကောင်းလား လူဆိုးလား?""လူဆိုးပါ Jen
Jenနဲ့ပတ်သက်ရင် ကျေးဇူးရှင်ကိုတောင်
ပြန်ပစ်မှားမဲ့ သူမျိုးပေါ့""လူတစ်ယောက်ကို အဖြူလား
အမည်းလားတောင်
မခွဲနိုင်ဘဲ ချစ်မိသွားတဲ့ Jenက ပိုဆိုးမယ်
ထင်တယ် Chu""ဒါဆိုလည်း ရိုးမြေကျ အတူတူဆိုးကြတာပေါ့
ခလေးရယ်""သြော့်...အဲ့လို မျက်စောင်းကြီးနဲ့ မကြည့်နဲ့လေး
နေရင်းထိုင်ရင်းတောင် ကိုယ်က ရှုံးနေတာ
ချစ်စရာ အမူအရာတွေနဲ့ ထပ်ပြီး
အနိုင်မပိုင်းပါနဲ့ Jen""လာ ...မယုံရင် နားထောင်ကြည့်"
"ကြားလား ခလေး ကိုယ့်ရင်ဘတ်ထဲက
လှိုင်းခတ်သံတွေ""အင်း....အတော်ပဲ ရင်ဘတ်ထဲ
ရေဆင်းချိုးလို့ရမလား Chu?""ပေတတ်တယ်ပဲ ထင်နေတာ မှားတာပဲ
အပေါလေး ခလေးက""အစောကြီး မသေနဲ့နော်.....
မိုးခြိမ်းရင် Jen ကြောက်တယ်""ကိုယ် ဘယ်လိုဆိုးရွားတဲ့ အခြေအနေ ဖြစ်ပါစေ ခလေးဆီ ရောက်အောင် ပြန်လာခဲ့ပါ့မယ်"
"မလုံလောက်ဘူး Chu
ဘာလို့ "ကတိပေးပါတယ်" မပြောတာလဲ?""ရောက်အောင် ပြန်လာခဲ့ပါ့မယ်
ကတိပေးပါတယ် ခလေးငယ်"Zann
YOU ARE READING
PSYCHO
Thơ caတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...