"Chu
ထတော့...."
နားထဲတိုး၀င်လာသော အသံချိုချိုနဲ့အတူ
နဖူးကို ညင်ညင်သာသာ ပွတ်သပ်ခံနေရတဲ့
အထိအတွေ့ကြောင့် အသိစိတ်က နိုးလာတယ်"ဟင် Jen အစောကြီး နိုးနေတာလား.....
တောင်းပန်ပါတယ်
Chu အရင် နိုးနေသင့်တာကို""Jenက Chuအတွက် လုပ်ပေးချင်လို့ပါ
မနက်စာလည်း ပြင်ပေးထားတယ်
နောက်ပြီး သည်နေ့၀တ်ဖို့ အင်္ကျီလည်း
အဆင်သင့် ရွေးပေးထားတယ်....""Woww....
Chuတော့ အသက်ရှည်ရှည်နေဖို့ အကြောင်းရင်း
ရှာတွေ့ပြီ ထင်တယ်....""Jenကို ကာကွယ်ပေးဖို့ဆို သေချာပေါက်
အသက်ရှည်ရှည် နေရမှာပေါ့.....ခုတော့ အရင်ဆုံး ထတော့ Chu....."
"မနက်စာက အသင့်
အင်္ကျီလည်း ရွေးထားပေးတဲ့သူ ရှိတာကို
Chuက ဘာလို့လောနေရမှာလဲ....."ပြောပြောဆိုဆိုပဲ ကုတင်ပေါ် ထိုင်နှိုးနေတဲ့Jenကို ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားလိုက်တယ်
"Jen ကောင်းကောင်းစားပြီး
အိပ်ရေး၀အောင် အိပ်""ဘာကြီးလဲ Chu
အဆက်အစပ်မရှိ...""ကောင်းကောင်းအသက်ရှင်
ပြီးရင် Chuကို အမြဲချစ်....""သြော်....မသိရင် အကြာကြီး ခွဲရတော့မလိုပဲ
သည်နေ့အလုပ်သွားပြီး ညနေပြန်လာမှာပဲကို""အင်းနော် .... ရုတ်တရက်ကြီး ပြောချင်လာလို့
ပြောလက်စနဲ့ တစ်ခါတည်း ပြောလိုက်တော့မယ်
မိုးခြိမ်းတဲ့အခါ မကြောက်တော့အောင်
Chu လို့ အကျယ်ကြီး အော်ခေါ်လိုက်""ဘာဆိုင်လို့လဲ..."
မျက်လုံးလေးပင့် မေးလာတဲ့ ကောင်မလေး"Jenရဲ့အသံက မိုးခြိမ်းသံထက် ပိုဟိန်းလို့လေး"
"အာ အကောင်းမှတ်လို့ နားထောင်နေတာ!!"
"သည်လို စနောက်ပြီး နေရတာ
ပျော်ဖို့ကောင်းတယ်နော် Jen...""အင်း....အလုပ်နောက်ကျလို့ အဆူခံရရင်တော့
ပျော်စရာမကောင်းလောက်ဘူးနော် Chu"ပြန်မငြင်းဘဲ လူကို ဆွဲလှဲပြီး
အုပ်မိုးကြည့်လာတယ်
အဲ့အကြည့်တွေက Jenရူးမိုက်ရခြင်းရဲ့ အကြောင်းရင်းပဲ
YOU ARE READING
PSYCHO
Poetryတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...