"နိုးနေရင်လည်း ထတော့လေး
ရှက်စရာကောင်းအောင်
ဘာလို့ အဲ့လို စိုက်ကြည့်နေရတာလဲ Chu""ဒါ တစ်ရက်ကလေးတောင် အပျက်မခံဘဲ
လုပ်လာတဲ့ ၀တ္တရားပါနော်
Jenက အိပ်နေရင်းတောင် Chuရဲ့ အာရုံကို
ညို့ယူနေနိုင်တုန်းပဲ
ရင်ခွင်ထဲ ခဏလောက် ပေးအိပ်ပါလား
လုံခြုံမှုပေးတတ်တဲ့ အငွေ့အသက်လေးကို
နမ်းရှိုက်ချင်လို့""လာ....မှန်မှန်ဖြေ Chu
အရင်ကJenအိပ်နေတုန်း ခိုးနမ်းဖူးလား?""ခိုးနမ်းရင် မိသွားမှာ ကြောက်လို့
တစ်၀ကြီးပဲ ငေးကြည့်လေ့ရှိတာပါ Jen
အင်း....မေးရိုးလေးကအစ အရသာရှိတာပဲ""ဆက်ပြီး ရိုးသားပါတော့လား Chu
ဖက်ထားပေးပြီးပြီကို ဘာလို့ လာနမ်းတာလဲ!""ချိုတယ် ဆိုတာ ဘယ်လို အရသာမျိုးလဲ
သိချင်လို့
အာ...Jenရဲ့ နှုတ်ခမ်းက ပိုချိုတယ်
ကြံ စုပ်နေရသလိုပဲ""Jenရဲ့ Chuက လူပဲ သတ်တတ်တာလားလို့
စကားလှလှလေးတွေနဲ့ သတ်တဲ့အရာမှာလည်း သေသပ်လွန်းနေရော.....""Jenရဲ့ ဆံနွယ်တွေကို တစ်ခေါက်လောက်
နမ်းရှိုက်ဖူးချင်ခဲ့တာ
Chu သည်အနံ့လေး ကြိုက်တယ်""စောစော ပြန်ခဲ့မယ်
ညကျ ခေါင်မိုးထပ်မှာ ကြယ်
အတူကြည့်ရအောင် Jen"တော်ရုံ ချစ်ပါ့လား Chu
သိရဲ့လား Jenက Chuအတွက်
ထောင်ချောက်သပ်သပ်ပဲဆိုတာ
ဘယ်လို ရက်စက်မှုကြီးလဲ ကံကြမ္မာရယ်
စစ်ဆင်ရေးကြောင့် မဟုတ်ဘဲ
Jen တကယ် ချစ်မိသွားပြီ
သူ ပေးတဲ့ အနမ်းတွေကို Jenမြတ်နိုးတယ်
သူ့အကြည့်တွေကို သဘောကျတယ်
သူ့အထိအတွေ့ကို မက်မောတယ်
တကယ်တမ်းကျ Chuကသာ
Jenကို ဆွဲဆောင်နိုင်သွားတာပါ......"Chuရဲ့ လက်ကောက်၀တ်ကို
သွေးခုန်နှုန်းစမ်းဖို့ပဲ ကိုင်ချင်တယ်"လက်ထိပ်မခတ်ချင်ဘူး Chu
"ကိုယ်ကတော့ Jenရဲ့လက်ကောက်၀တ်ကို
တစ်ခုခုနဲ့ တွဲချည်ထားချင်တယ်""ဆွဲထိုးမှာနော် Chu!"
"ဘာလို့ ငိုတာလဲ Jenရဲ့
တစ်နေရာရာ နာနေလို့လား""ချစ်တယ် Chu
တောင်းပန်ပါတယ်""ဘယ်အကြောင်းအရာ အတွက်လဲ Jen ?"

YOU ARE READING
PSYCHO
Poetryတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...