နှစ်ယောက်သား ရေမိုးချိုး
ချက်ပြုတ် စားသောက်ပြီးသွားတဲ့အခါ
အချိန်ဟာ ညနေစောင်းခဲ့ပြီ......ခြံထဲက စားပွဲ၀ိုင်းလေးမှာ
ကော်ဖီသောက်ကြဖို့ အကြံတူနေပြန်တာမို့
Jen တစ်ယောက် မတ်တပ်ကြီး
ကော်ဖီဖျော်နေတယ်မနေနိုင်စွာ မဆီမဆိုင်
သူ့ပါးဖောင်းဖောင်းလေးကို
လက်နောက်ပစ်နဲ့ နမ်းအပြီး
သိုင်းဖက်အလုပ်"Oh! Johnပဲ
ခလေးရယ် ကိုယ် ဖုန်းသွားပြောဦးမယ်""ဟဲလို John"
"အချိန်ကောင်းကို ဖျက်ဆီးမိသွားလား Chu?"
"သေချာတာပေါ့"
"သည်အောင်မြင်မှုအတွက် ကိုယ့်ကိုယ်ကိုယ်
ဂုဏ်ပြုပါတယ်""ဂုတ်ကျိုးချင်တာလား John!"
"စနောက်နေတာနဲ့ မေ့တော့မလို့
ဆရာက မနက်ဖြန် သေချာတိုင်ပင်ကြမယ်တဲ့
တဘက်ခါ ငါတို့ ပစ္စည်းလဲမဲ့ ကိစ္စ ကြွက်တွေ
သိသွားပြီ
အဲ့ဒါကို ဟိုတစ်ဖက်က သတင်းရရက်နဲ့
တဘက်ခါမှ မဟုတ်ရင်
နောက် လဲမပေးနိုင်ဘူးတဲ့
ဆရာ အသည်းအသန် လိုချင်မှန်းသိလို့
စျေးကိုင်တာကွာ......ငါတို့ သတိပိုထားရမယ်"
"ဟိုတစ်ဖက်က ဘယ်သူတွေလည်း
မသိတာတောင် ဆရာက ဘာလို့ ယုံနေပါလိမ့်
ငါးစာကြီးများလား
စိတ်ထဲ ထင့်တယ်ကွာ...... John""ဖော်မြူလာကြီးနဲ့ မြှားခေါ်နေသလို ငါလည်း
ခံစားမိနေတယ် Chu""ရှိသမျှ တစ်ချိန်လုံး သူ လိုချင်နေတဲ့
ဖော်မြူလာကို လက်၀ယ်ပိုင်ဆိုင်ရမှာဆိုတော့
ဆရာက ထောင်ချောက် ဆိုတာလည်း
မမြင်တော့ပုံပဲ Chu""မူးယစ်ဆေး စျေးကွက်ကို သူ့လက်ဖဝါးထဲ
ထည့်ထားချင်တာနဲ့ပဲ ငါတို့ဆရာ
မိုးလည်းမမြင် လေလည်း မမြင်နိုင်တော့ဘူး ထင်ရဲ့ John""သူ ကျွေးတဲ့ ထမင်း စားထားမှတော့
စွန့်စားရတော့မှာပေါ့ John""အမြဲ ငါတို့အတူတူ"
"အမြဲ ငါတို့အတူတူ"
ဘာလို့ စိတ်လေး နေပါလိမ့်?
"Jen ကိုယ် ဖုန်းပြောလို့ ပြီး...."
YOU ARE READING
PSYCHO
Poésieတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...