သိလိုက် မသိလိုက်နဲ့
Jenရဲ့ ဘယ်ဘက်ပါးပြင်ဟာ
ညင်ညင်သာသာ ပွတ်သပ်ခံနေရတယ်
နောက်ပြီး အခြားသော နှာခေါင်းထိပ်လေးဟာ
Jenရဲ့ နှာခေါင်းထိပ်ကို
မကြာမကြာ ထိကပ်လာတယ်......အထိအတွေ့တစ်ခုချင်းစီကို
Jen မှိန်းပြီး စံစားလိုက်တယ်
ခံစားချက်ကတော့ လေအဝှေ့မှာ ဂျုံပင်တွေ
လှပစွာ ယိမ်းနေကြသလိုမျိုး"အို ခလေးလေး ပြုံးနေတယ်....."
မျက်လုံးအစုံကို Jen တဖြေးဖြေးဖွင့်လိုက်တယ်
Chuမေးစေ့လေးကို လှမ်းနမ်းရင်း
ရှေ့ခရီး ကြမ်းလှတာ ခဏ မေ့လိုက်တယ်"ကိုယ် သည်နေ့ အိမ်မှာပဲ Jenနဲ့အတူ ရှိနေမယ်"
"တကယ်! ပထမဆုံးအကြိမ်အဖြစ်
တစ်နေကုန် အတူတူရှိတဲ့နေ့လေးပေါ့နော်""အာ့ကြောင့်လေး ပျော်စရာတွေဖန်တီးကြမယ်
သည်နေရာမှာတင်နောက်တာ နောက်တာ....."
"Chuနော် မနေ့ညကတည်းက ဘာဖြစ်နေတာလဲ"
Jenပဲပြောပြီး သူ့လည်ပင်းထက် အနီရောင်
ပန်းချီတွေ
စိတ်တိုင်းကျ ရေးခြယ်လိုက်တယ်"တဘက်ခါ ကိုယ် လုပ်စရာတစ်ခုရှိတယ် Jen
ပြောပြရမှာ စိတ်မကောင်းပေမဲ့
လူသတ်ကောင်က ကိုယ် ဆိုတာ ရိပ်မိနေကြပြီတဲ့
ဆရာ က ပြောတယ်
ဒါပေမဲ့ မပူပါနဲ့ အိမ်က လုံခြုံပါတယ်
Jen အန္တရာယ်ကင်းစေရပါမယ်"ရေးလက်စ ပန်းချီကို ရပ်ပြီး
Chuကို ကျောပေးလိုက်တယ်......
ဘာလို့ သည်ရက်ပိုင်း အချိန်တွေ
သိပ်မြန်မြန် ကုန်နေရတာလဲ?
နာကျင်ရမဲ့ရက်က အလောကြီးလိုက်တာ
တဘက်ခါတဲ့.....လက်တစ်စုံက ခါးကို သိုင်းဖက်လာတယ်
"ငိုနေပြန်ပြီ
ပြောပါဦး Jen သည်ရက်ပိုင်း
ကိုယ် ဘာတွေအမှားလုပ်မိပါသလဲ"ကျောပြင်လေးကို နမ်းရှိုက်လို့ မေးလာတယ်
ရင်ဘတ်ထဲ တင်းခနဲ့
နှလုံးသားက ပြတ်ထွက်သွားတာလား
အဲ့လို ထင်ရတဲ့အထိ အရမ်းကိုနာလာတယ်
ထိန်းထားတဲ့ကြားက ရှိုက်သံဟာ အပြင်ကို
ထွက်ကျလာတယ်
YOU ARE READING
PSYCHO
Poesiaတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...